“အမေကိုစားတဲ့သမီး”(စ/ဆုံး)

 “အမေကိုစားတဲ့သမီး”(စ/ဆုံး)

——————————-

အခန်း (၁)

ထန်းစုရွာလေးဟာ နေဝင်ရီတရောအချိန်ရဲ့

နေရောင် အောက် အေးချမ်းစွာ ရှိ နေတယ်။

ရွာလေးရဲ့ အစွန် လယ်ကွင်းပြင်တွေ မှာ တော့ လယ်သမားတစ်စုနဲ့ ကောက်စိုက်မတွေ ဟာ ရွာပြန်ဖို့အတွက် ဆူဆူညံညံ ပြင်ဆင်နေကြတယ်။

ဒီအချိန်မှာ ပဲ လူကြီးတစ်ဦးဟာ

လယ်ကွင်းတွေ ဆီကို အသည်းအသန်ပြေးလာပြီး …… “ဟေ့ … သာရင် ဘယ်မလဲ၊

သာရင် ဘယ်မလဲကွ”

လို့ မောသီကြီးနဲ့ မေးလိုက်တယ်။

လူကြီးရဲ့ ထိတ်ထိတ်ပျာပျာအမေးကြောင့် ကောက်စိုက်သမတွေ ဟာ မျက်မှော င်ကြုတ် သွားပြီး

“အိုတော် … သာရင့်ကိုများ

ကျုပ်တို့ လာမေးနေရသလားတော် ၊

ကျုပ်တို့လယ်မှာ

သာရင်မရှိဘူး၊

သာရင်က ကပ်စေးနှဲသူဌေးရဲ့ လယ်မှာ

လုပ်နေတာ၊

ဒါကြောင့် သာရင့်မိန်းမ

လူမွေးမပြောင်တာပေါ့”

လို့ မျက်နှာမဲ့ရွဲ့ရင်း တစ်ယောက် က

ပြောလိုက်တယ်။

လူကြီးက စိတ်မရှည်ဟန်နဲ့

ခေါင်းခါယမ်းလိုက်ပြီး

“အာ … အေးမိ မဆိုင်တာလျှောက်မပြောနဲ့၊

ငါ့ကို သာရင်လုပ်နေတဲ့လယ်ကွက် ဘယ်မှာ

ပြောစမ်းဟ … သိပ်အရေး ကြီးတယ်”

လို့ ပြောလိုက်တဲ့အခါ လယ်သမားတစ်ဦးက

လယ်သုံးကွက်အကျော်ကို ညွှန်ပြတယ်။

“ငါတို့ သူရင်းငှားရော၊

ကောက်စိုက်သမတွေ ပါ၊

အဲဒီ လယ်မှာ ဘယ်သူမှမလုပ်ဘူး၊

ဖင်ထဲရွှံ့ ဝင်ပြီး ဖင်ပိတ် သေရင်တောင် ဘာမှလုပ်မပေးဘူးတဲ့ သူဌေး၊

သာရင် တစ်ယောက် ပဲ မိုးချုပ်ကနေဝင်၊

နွားလိုရုန်းပြီး လုပ်နေတာကွ၊

သွား … သွား … မင်းရှာနေတဲ့၊

ငနွားသာရင် အဲဒီ မှာ ရှိတယ်”

လူကြီးက သူရင်းငှားညွှန်ပြတာကိုကြည့်ပြီး

တစ်ရှိန်ထိုးဆက်ပြေးသွားတယ်။

“သာရင် … ဟေ့ကောင် သာရင်၊

သာရင် … သာရင်”

အသံကုန်အော်လိုက်တဲ့အသံကြောင့် လယ်သိမ်းဖို့ပြင်နေတဲ့ ကိုသာရင် တစ်ယောက် နောက်ဆီ လှည့်ကြည့်လိုက်မိတယ်။

သူရှိရာ ပြေးလွှားလာတဲ့ လူ တစ်ယောက် ။

“ဟေ့ … ဘယ်သူလဲကွ .. ဟေ”

“ငါကွ ငါ … ဦးလေးအာပြဲပါကွ”

“ဘာလို့ ဒီလောက် ပြေးလာရသလဲ

ဦးလေးအာပြဲ၊

ဘာများ အရေး ကြီးလဲဗျ”

ဦးလေးအာပြဲဟာ

သူနဲ့ဝါးတစ်ရိုက်လောက်အကွာ ရောက်တဲ့အခါ …… “မင်း … မင်း အိမ်ပြန်တော့ သာရင်၊

အရေး ကြီးတယ် … ပြန်တော့”

လို့ ပြောရင်း ဟောဟဲသံပြုရင်း

ရပ်နားလိုက်တယ်။

ကိုသာရင်က မျက်မှောင်ကြုတ်သွားပြီး ..

“ဟာ … ဘာ ဖြစ်တာလဲဗျ၊

ကျုပ် … ကျုပ်အိမ် ဘာ ဖြစ်လို့လဲ၊

မီး … မီးများ လောင်သွားလို့လား . ဟင်”

လို့ အထိတ်တလန့် မေးလိုက်မိတယ်။

ဦးလေးအာပြဲက ခေါင်းခါယမ်းလိုက်ရင်း …

“မီးလောင်တာထက် အရေး ကြီးတယ်၊

မင်း … မင်းမိန်းမ ငယ်သံပါအောင်

အော်ဟစ်ပြီး ဗိုက်နာနေပြီကွ”

“ဘာ … မြ … မြ .

ဗိုက်နာနေပြီ …. ဟုတ်လား၊

ဟာ … ဘယ်လို ဖြစ်တာလဲ၊

လက်သည်ကြီးပြောတုန်းက

မွေးဖို့ သုံးလလောက် …

လိုသေးတယ်ဆို၊

ဘယ်လို ဖြစ်တာလဲ ဦးလေးရာ”

“ဟ … ဒါ ငါ့မေးစရာလားကွ၊

ငါလည်း ဘယ်သိပါ့မလဲ၊

ကြည့်ရတာ … မွေးရခက်နေပုံပဲကွ၊ လက်သည် ဒေါ်ချိုလည်း …

မင်းအိမ်မှာ ရောက်နေတယ်၊

သူ ကလေးအပြင်ထွက်ဖို့ ကြိုး စားနေတယ်၊

သွား … သွား ဟေ့ကောင်”

ဦးလေးအာပြဲရဲ့ အပြောကြောင့် ကိုသာရင်

တစ်ယောက် ဘာမှမတွေးတော့ဘဲ ရွာဘက်ဆီ

သုတ်ခြေတင်ခဲ့တယ်။

*

ကိုသာရင် တစ်ယောက်

အိမ်ဝိုင်းထဲပြေးဝင်ရင်း အသားကုန်အော်ဟစ်လိုက်တယ်။

တဲအိမ်လေးရဲ့ ရှေ့ ကပြင်ပေါ်ကနေ

မိန်းမတစ်ဦး ပြေးဆင်းလာတယ်။

“မြရေ … ကျုပ်လာပြီ … လာပြီ၊

ဟဲ့ … နှင်းမေ .. နှင့် အစ်မ …

ဘယ်လိုလဲ … ဘယ်လိုလဲ”

ကိုသာရင်ဟာ ညီမအရင်း ဖြစ်သူ နှင်းမေကို

မေးလိုက်တဲ့အခါ နှင်းမေက မျက်နှာမ သာမယာနဲ့…

“အခြေအနေ မကောင်းဘူးထင်တယ်

အစ်ကို၊

ခုနက လက်သည်ကြီးတောင်

လက်လျှော့ရမလို ဖြစ်နေတယ်၊

ယောက် မ … ကျုပ်ယောက် မလေး မမွေးနိုင်တော့ဘူး ထင်တယ်တော် ”

လို့ ပြောရင်း ဟီးခနဲ ငိုချလိုက်တယ်။

ကိုသာရင် တစ်ယောက် …“ ဘာ” ခနဲ

နှုတ်က ရေရွတ်ရင်း တဲအိမ်လေးရဲ့ ကပြင် မှာ အရုပ်ကြို : ပြတ် ထိုင်ချလိုက်မိတယ်။

“အမလေးတော် … ကျုပ်ကို ဘယ်သူမှ

မကယ်နိုင်တော့ဘူးလား၊

အဖေတွေ, အမေတွေ , လင်တွေ … ကျ

ပ်ကို ကယ်ကြပါတော် ၊

နာတယ် … အရမ်းနာတယ်”

“ဟဲ့ … ဟဲ့ … မြမြ … စိတ်ကိုတင်းထားစမ်း၊

ညည်းအော်နေတာနဲ့

ငါဘာလုပ်ရမှန်းမသိတော့ဘူး၊

ခလေးက ခေါင်းထွက်နေပြီဟဲ့၊

ညှစ်ကြည့်”

ညှစ်စမ်း၊ ညည်း … အားလေးစိုက်ပြီး

“ညှစ်နေတာပဲ … ကျုပ် … ကျုပ် …

အားမရှိတော့ဘူး၊

ကျုပ် … ကျုပ်မျက်လုံးထဲ အရမ်းဝါးနေပြီ၊

မရဘူး … မရတော့ဘူး၊

အမလေးတော် ”

,,

လက်သည်ကြီးနဲ့ မိန်းမ ဖြစ်သူရဲ့ စကားသံတွေ ကြောင့် ကိုသာရင် တစ်ယောက်

တစ်ကိုယ်လုံး မီးမြှိုက်ခံရသလို ခံစားသွားရတယ်။

ယောက်ျားဖောင်စီး … မိန်းမမီးနေ

ဆိုတဲ့စကား။

အခု … မြ တစ်ယောက်

သူ့ရင်သွေးလေးအတွက် အသက်လုတိုက်ပွဲကြီး

နွှဲနေရတဲ့ အ ဖြစ်။

ဒီအချိန်မှာ ပဲ …

“ဘယ်လိုလုပ်ရမလဲ သာရင်၊

အသက်နှစ် ချောင်းထဲက တစ်ခုခုကို

ရွေးရတော့မယ်၊

ကလေးက ခေါင်းထွက်ရုံမကလို့

ပုခုံးတောင်ထွက်နေပြီ၊

ဒါ … ဒါပေမယ့် … နင့်မိန်းမ

ညှစ်အားမရှိတော့ဘူး၊

ငါ ဘာလုပ်ရမလဲ”

တဲအိမ်လေးထဲက ပြေးထွက်လာပြီး

ပြောလိုက်တဲ့ လက်သည်ကြီးရဲ့ စကား ကြောင့် သူ့တစ်ကိုယ်လုံး ဆောက်တည်ရာမဲ့ ဖြစ်သွားရတယ်။

ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့

လက်အစုံက ဆတ်ဆတ်တုံနေသလို … မျက်ရည် တွေ ပါးပေါ်လှိမ့်ကျလာတယ်။

“ဘယ်လိုလုပ်ရမှာ လဲဗျာ၊

ကျုပ် … ကျုပ်ဘဝမှာ

ဒီကလေးက အဦးဆုံး ရင်သွေးလေးဗျ

ကလေးရဖို့ ကျုပ် … ဆယ်နှစ် လုံးလုံး

စောင့်ခဲ့ရတာ၊

31 … 316000$ …

မြ … မြ … အရမ်းသနားဖို့ကောင်းနေပြီ၊

သူ့အော်သံက ကျုပ်နားထဲ သံရည်ပူလိုပဲဗျ၊ မြ … မြရဲ့ အသက်ကိုပဲ ကယ်တင်ပေးပါ။ ကယ်တင်ပေးပါဗျာ”

ကတုန်ကယင် ပြောလိုက်တဲ့

သူ့စကားကြောင့် လက်သည်ကြီးဟာ ခေါင်းတဆတ် ဆတ်ညိတ်ရင်း အထဲပြန်ဝင်ဖို့ နောက်လှည့်လိုက်တယ်။

ဒီအချိန်မှာ ပဲ …

“အား” … ခနဲ ငယ်သံပါမတတ်

အော်ဟစ်လိုက်တဲ့ မြရဲ့ အသံကြီးကို တစ်ရွာလုံး တုန်လှုပ်ချောက်ချားမတတ် ကြားလိုက်ရတော့တယ်။

အခန်း (၂)

“ဟယ် … ကလေး အပြင်ထွက်နေပြီတော် ”

လက်သည်ကြီးရဲ့ ရေရွတ်သံကြောင့် ကိုသာရင်ဟာ လှုပ်လှုပ်ရှားရှား ဖြစ်သွား တယ်။

တစ်ချိန်တည်းမှာ ပဲ ..

မီးနေခန်းတွင် းမှ အော်သံကြောင့် …

“ဘာ ဖြစ်တာလဲ … ဘာ ဖြစ်တာလဲဗျ”

ကိုသာရင်က အခန်းပြင်က မေးလိုက်သလို

ညီမ, ဖြစ်သူ နှင်းမေက အခန်းတွင် :

ဝင်သွားလိုက်တယ်။

မွေးကင်းစ နီတာရဲကလေးငယ်ကို

ကြည့်ရင်း နှင်းမေ ဟာ “ဟင်” … ခနဲ ရေရွတ်လိုက်မိတယ်။

“ဟ … နင်တို့ဘာတွေ ဖြစ်နေကြတာလဲ၊

ငါ့ မိန်းမရော … ငါ့ မိန်းမ … ဘာ ဖြစ်လဲ ..

ဘာ ဖြစ်လဲ။ ငါဝင်လာမယ်”

လက်သည်ကြီးနဲ့ နှင်းမေတို့

တားဆီးချိန်မရလိုက်ခင်မှာ ပဲ ကိုသာရင်ဟာ အခန်းထဲ

ဝင်သွားတော့တယ်။

ဆံပင်ဖိုးရို့ ဖားရား သွေးတွေ ရွှဲနစ်ပြီး

မျက်လုံးအပွင့်သားနဲ့ ငြိမ်သက်နေတဲ့ မြမြ။

“ဟာ … မြ … မြ”

ကိုသာရင်ဟာ မိန်းမ ဖြစ်သူကို ထွေးပွေ့ပြီး

လှုပ်ကိုင်လိုက်တယ်။

“ဘာ ဖြစ်တာလဲ … ဘာ ဖြစ်တာလဲဗျ၊

မြ … မြ … တစ်ကိုယ်လုံး တောင့်တင်းနေပါလား”

“စိတ်မကောင်းစရာပဲ သာရင်၊

မြ … မြ … ဆုံးသွားပြီကွဲ့”

ငိုသံကြီးနဲ့ ပြောလိုက်တဲ့

လက်သည်စကားကြောင့် ကိုသာရင် တစ်ကိုယ်လုံး

အသက်ရှူရပ်မတတ် ခံစားလိုက်ရတယ်။

လက်သည်ကြီးက

မွေးကင်းစကလေးငယ်ကို ပုဆိုးပိုင်းစနဲ့

ထုတ်ပိုးလိုက်တယ်။

ကလေးအနှီးထုတ်နဲ့ လက်သည်ကြီးရဲ့

လက်အစုံဟာ ဆတ်ဆတ်တုန်နေသလို …

သူမမျက်နှာတစ်ခုလုံး သွေးမရှိလောက်အောင် ဖြူ ဆုတ်နေရှာတယ်။

“မြ … မြရယ်၊

ငါ … ငါ ဘယ်လိုဖြေရမလဲကွာ၊

မင်းရဲ့ အသက်ကို ငါ ရွေးချယ်ခိုင်းတာတောင်

မင်း … မင်းက …

ငါ သိပ်လိုချင်တဲ့ ကလေးကိုပေးပြီး

ငါ့အနားက ထွက်သွားခဲ့ပြီ၊

မြရယ် …. မြ”

ကိုသာရင် တစ်ယောက်

ဆောက်တည်ရာမဲ့စိတ်နဲ့ တဟီးဟီး ငိုချလိုက်တယ်။

ဒီအချိန်မှာ ပဲ ရွာသူရွာသားတစ်ချို့ ဟာ

ကိုသာရင်ရဲ့ ခြံဝိုင်းထဲ ရောက်လာကြတယ်။

ရွာသားတွေ ဟာ အိမ်ရှေ့ ကပြင်မှာ

ရှိနေကြသလို ရွာသူတွေ က မီးနေခန်းထဲ ဝင်

လာကြတယ်။

ရွာသူတွေ ဟာ ကိုသာရင်ရဲ့ အ

ဖြစ်ကိုကြည့်ပြီး စိတ်မကောင်းကြီးစွာ ဖြစ်နေကြရှာ

တယ်။

ရွာသူတစ်ဦးက လက်သည်ကြီးရဲ့

လက်ထဲက ကလေးငယ်ကို အနှီးစဖြည်ပြီး

ကြည့်နေတယ်။

“ဟယ် … ကလေးက မိန်းကလေးပဲ၊

ပြည့်ပြည့်ဖြိုး ဖြိုး လေးနဲ့ …

ချစ်စရာလေးဟေ့”

ရွာသူဟာ ပြောပြောဆိုဆို ကလေးငယ်ကို

ပါးဆွဲလိုက်တယ်။

ကလေးကလန့်ပြီး တအဲအဲ အသံပြုရာက လက်ကားယား ခြေကားယားနဲ့ ထွန့်ထွန့် လူး ငိုကြွေးတော့တယ်။

ရွာသူက အမှတ်မထင် ကလေးငယ်ဆီက

တစ်စုံတရာကို သတိပြုမိသွားတယ်။

သူမအကြီးအကျယ် ထိတ်လန့်သွားပြီး …

“အမလေးတော် ”

လို့ အော်ဟစ်ရင်း ပြေးထွက်သွားတယ်။

“ဟေ့ ဂျမ်းတော … ဘာ ဖြစ်တာလဲဟ”

ရွာသားတွေ က ထိုင်ရာကထပြီး

စိတ်လှုပ်ရှာစွာ မေးမြန်ကုန်တယ်။

ရွာသူက လက်တကားကားနဲ့ …

“အမယ်လေး … ကြောက်ဖို့ကောင်းတယ်၊

အဲ … အဲဒီ ကလေးမှာ

လက်ဖဝါးအပိုကြီး ပါတယ်တော် ”

သူမ အပြောကြောင့် ရွာသားတွေ ဟာ

“ဟာ” … ခနဲ ရေရွတ်လိုက်မိကြတယ်။

ရွာသူရဲ့ စကားကို ကြားနေရတဲ့ ကိုသာရင်ဟာ မျက်ရည်ပြည့်လျှမ်းတဲ့ မျက်လုံးနဲ့ လက်သည်ကြီးကို လှမ်းကြည့်လိုက်တယ်။

လက်သည်ကြီးက မျက်နှာမသာမယာနဲ့ …

“ဟုတ် .. ဟုတ်တယ် သာရင်၊

နင့်သမီးမှာ လက်သုံးဖက် ရှိနေတယ်၊

နင် … နင် စိတ်မကောင်း ဖြစ်မှန်း သိပေမယ့်

ဒါမျိုး က မပြောလို့လဲ မ ဖြစ်ဘူး၊

ဒါမျိုး ကလေးက … ဘယ်သူ့အတွက်မှ

မကောင်းဘူး၊

ငါ … ငါ ထပ်ပြီး ပြောရမယ်ဆိုရင်

ဒီ … ဒီကလေးဟာ

သူ့ … သူ့အမေကို သူပြန်စားလိုက်တာပဲ” လက်သည်ကြီးရဲ့ စကားကြောင့် ကိုသာရင် တစ်ယောက် အကြီးအကျယ် တုန်လှုပ် သွားရတယ်။ ကိုသာရင်ရဲ့ ဒေါသတကြီး … “ဘာ” … ခနဲ

ရေရွတ်သံက အိမ်ပြင်က လူအားလုံး ကို ဆတ်ခနဲ

တုန်သွားစေတယ်။

*

သစ်ပင်ကြီးတွေ .. အုံ့ဆိုင်းနေတဲ့

တောလမ်းတစ်နေရာမှာ လူသုံးယောက် ဟာ တရွေ့ရွေ့လှုပ်ရှားနေကြတယ်။

မုတ်ဆိတ်ကျင်စွယ် ဗရပျစ်နဲ့ လူကြီး

တစ်ယောက် က ရှေ့ကဦးဆောင်ပြီး ကျန်နှစ် ယောက်

က နောက်ကလိုက်ပါလာတယ်။

ရွာအဝင်လမ်းဆုံရောက်တဲ့အခါ လူကြီးက

တောင်ဝှေးနဲ့ မြေပေါ်ထောက်ရင်း လက်

ကာပြလိုက်တယ်။

“နေဦး … ငါတို့ရဲ့

ဦးတည်ရာကိုရောက်တဲ့အခါ

တိတ်တဆိတ်ပဲ လှုပ်ရှားကြမယ်၊

မင်းတို့နှစ် ယောက် ကြောင့် ဘာပြဿ နာမှ

ငါ မတက်စေချင်ဘူး၊

ခု .. အချိန်ကောင်းရောက်တော့မယ်၊ ငါလိုချင်တာကို ရယူပြီးရင်

ငါ့ရဲ့ ပညာအဆင့် တက်လို့ရပြီ၊

အဆင့်အောင်မြင် ပေါက်မြောက်သွားရင်

ဟား ဟား ..ဟား

လက်ညှိုး ညွှန်ရာ အရာအားလုံး ဖြစ်ပြီကွ၊

မှော်ဆရာပေသီးဆိုတဲ့ ငါတို့

ဘယ်သူမှ မော်မကြည့်ဝံ့တော့ဘူးကွ”

ဦးပေသီးက တောင်ဝှေးကို ဝံ့ကြွားရင်း

အသံသြကြီးနဲ့ ကြုံးဝါးလိုက်တယ်။

“စိတ်ချပါ ဆရာကြီး ..

ကျွန်တော် တို့ကြောင့်

ဘာအနှောင့်အယှက်မှ

မ ဖြစ်စေရပါဘူး၊ ကတိပေးပါတယ် ခင်ဗျ”

ဦးပေသီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

ရွာဘက်လှမ်းကြည့်လိုက်တယ်။

တစ်ရွာလုံး မှော င်အတိပြီးနေသလို အဝေးဆီက ခွေးဟောင်သံအချို့ သာ ကြားနေ ရတယ်။

ဦးပေသီးဟာ သူ့လူတွေ ကို

လက်ပြလိုက်ရင်း ရွာဘက် ဆက်လျှောက်သွားတယ်။

သူတို့ဟာ ရွာထဲမဝင်ဘဲ ရွာရဲ့

အနောက်ပိုင်းကို ပတ်သွားကြတယ်။

လရောင် ရဲ့ အလင်းမှ န်ပျပျအောက်

အဝေးမှာ မြင်ရတဲ့ ဖွေးဖွေးအရာတွေ ။

ထိုအရာတွေ ကို လှမ်းကြည့်ပြီး ဦးပေသီး

ကျေနပ်စွာ ပြုံးလိုက်တယ်။

ရုတ်တရက် ကြားလိုက်ရတဲ့

ခွေးအူသံကြောင့် ဦးပေသီးရဲ့ တပြည့်နှစ် ယောက် ဟာ ပတ်ဝန်းကျင်ကို မျက်လုံးဝှေ့ ကြည့်လိုက်တယ်။

“ဟေ့ကောင် … ငါတို့ ဘာမှ ဘေးမ ဖြစ်ဖို့

မင်းဆုတောင်းနော်၊ ဒီရွာက ရွာသားတွေ

သိပ်စည်းလုံးသလို အရမ်းလည်း လက်သံ

ပြောင်တယ်ကွ၊ ငါတော့ ဆရာကြီးကို မလွန်

ဆန်ရဲလို့သာ လာရတာ … ခပ်လန့်လန့်ပဲကွ”

တစ်ယောက် က ကျန် တစ်ယောက် ကို

တီးတိုးပြောလိုက်တယ်။

“ဆရာပေသီးတပြည့် လုပ်ပြီး ကြောက်မနေစမ်းပါနဲ့ကွာ၊

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ

ရှိစမ်းပါကွ၊

ဘာမှမ ဖြစ်နိုင်ပါဘူးကွ”

ဦးပေသီးက အနောက်က တွတ်ထိုးသံတွေ

ကို ကြားသွားပြီး .

“ဟေ့ကောင်တွေ …

မင်းတို့ ဘာ ဖြစ်နေကြသလဲ၊

ငါ့ကို အာရုံပျက်အောင် မလုပ်နဲ့နော်၊

ငါ့ရဲ့ ဦးတည်ရာ ရောက်တော့မယ်ကွ၊ အငြိမ်နေကြစမ်း”

လို့ အံကြိတ်သံနဲ့ ငေါက်ဖမ်းလိုက်တယ်။

ဦးပေသီးနဲ့ တပည့်တွေ ဟာ လရောင်

အောက်မှာ ပဲ တိတ်တဆိတ် ဆက်လျှောက်

သွားကြတယ်။

မြေပုံမို့မို့တွေ ၊ ကမ္ပည်းတိုင်တွေ ၊

အုတ်ဂူတွေ စီရီနေတဲ့ ထန်းစုရွာရဲ့ သင်္ချိုင်းကုန်း။

ဦးပေသီးနဲ့ တပည့်တွေ က သင်္ချိုင်းမြေထဲ

တရွေ့ရွေ့ ချဉ်းကပ်ခဲ့ကြတယ်။

ဦးပေသီးဟာ သင်္ချိုင်းရဲ့ အနောက်ပိုင်းမှာ

ရှိတဲ့ တဲစုတ်လေးတစ်လုံးကို လှမ်းကြည့် လိုက်တယ်။

“ငါတို့ ကံကောင်းတယ်ဟေ့၊

သင်္ချိုင်းစောင့်ရဲ့ တဲလည်း မီးမှိတ်နေတယ်၊

ဟဲ .. ဟဲ … ငါတို့ လိုချင်တာကို

အေးအေးဆေးဆေး ယူလို့ရတဲ့ နိမိတ်ပဲကွ”

:

အခန်း (၃)

မြေပုံတွေ စီတန်းနေတဲ့ နေရာရောက်တော့

“ငါလိုချင်တဲ့ အစိမ်းသေအလောင်းဟာ

ဆင်းရဲသားပဲကွ၊

ပြီးတော့ မနေ့ကမှ

ချထားတာဆိုတော့ ကမ္ပည်းတိုင်

အသစ်စိုက်ထားတဲ့ မြေပုံကို ရှာရမယ်ကွ၊

ကဲ မှော င်ကြီး …

မီးတုတ်ညှိလိုက်စမ်းဟေ့”

ဆရာ ဖြစ်သူရဲ့ အပြောကြောင့် မှော

င်ကြီးဆိုသူက ဖျင်လွယ်အိတ်ကြီးထဲက မီး

တုတ်ကိုထုတ်ပြီး ရေနံဆီဆွတ်လိုက်တယ်။

မီးတုတ်ရဲ့ အလင်းရောင် အောက်

ဦးပေသီးနဲ့ တပည့်တွေ က ကမ္ပည်းတိုင်အသစ် ကို

စတင်ရှာဖွေ ကြတော့တယ်။

“ဟာ … ဒီကမ္ပည်းတိုင်ရဲ့ သစ်သားက

အသစ်ကြီးပဲ ဆရာကြီး၊

ဒါများ ဖြစ်နေမလားပဲ”

တပြည့်ကျော် ယမ်းကြီးရဲ့ စကားကြောင့်

ဦးပေသီးရဲ့ ခေါင်း နောက်လှည့်လာတယ်။

ဦးပေသီးက ဆေးပြင်းလိပ်ကြီးကို

ဖွာရှိုက်ရင်း မျက်မှော င်ကြုတ်ကြည့်လိုက်တယ်။

“မမြမြ … အသက် (၃၅) နှစ် ဆိုပါလား၊

အံမယ် …

ငါတို့အတွက် ကံကောင်းတာက အောက်မှာ သေတဲ့နေ့ကို

ရေထားသေးဟေ့၊

ဆယ့်ငါးရက်၊ ဆယ်လဆိုတော့ …

မေနေ့ကပဲကွ၊

ကဲ … တပည့်တို့ လုပ်ငန်းစကြမယ်ဟေ့”

ဦးပေသီးက ပြုံးဖြီးဖြီးအမူအရာနဲ့

အမိန့်ပေးလိုက် တယ်။

မှော င်ကြီးနဲ့ ယမ်းကြီးက အသင့်ယူလာတဲ့

ပေါက်ပြားတွေ နဲ့ မြေပုံကို စတင်တူးဆွ တော့တယ်။

ဦးပေသီးက အနက်ရောင် အဝတ်စကို

ဖြန့်ခင်းပြီး ထိုင်လိုက်တယ်။

ပြီးတော့ .. အသင့်ယူလာတဲ့ အဝါရောင်

ဖယောင်းတိုင်ကြီးကို မီးညှိရင်း မြေမှာ ဆိုက်လိုက်တယ်။

တင်ပျဉ်ခွေထိုင်နေတဲ့ ဦးပေသီး … နှုတ်က

မန္တာန်တွေ တတွတ်တွတ်ရွတ်ဆိုနေ တယ်။

“အလောင်းပေါ်ပြီ ဆရာကြီး၊

ဘာလုပ်ရမလဲ”

ယမ်းကြီးရဲ့ အပြောကြောင့် ဦးပေသီး

မျက်လုံးပွင့် သွားတယ်။

မဲ့ပြုံးပြုံးလိုက်ရင်း …

“အလောင်းပေါ်မှတော့ လုပ်စရာရှိတာ

လုပ်ရမှာ ပေါ့ကွ၊

ဦးဆုံး .

အစမ်းမရဲ့ ဆံပင်ကို ဖြတ်ရမယ်၊

ပြီးရင် …

သူ့ရဲ့ လက်သည်းတွေ ကို ညှပ်ယူရမယ်၊

နောက်ဆုံး …

အစမ်းမရဲ့ ထဘီကို ချွတ်ယူရမယ်ကွ၊

ဟဲ…ဟဲ …ဟဲ”

ဦးပေသီးဟာ ထိုသို့ ပြောဆိုပြီး

လွယ်အိတ်ကြီးထဲက ဓားမြှော င်တစ်ချောင်းကို

ထုတ်ယူလိုက်တယ် …

ဓားမြှော င်ကိုင်ထားတဲ့လက်ကိုမြှော က်ပြီး

တပည့်တွေ ဆီ ပစ်ပေးဖို့ ပြင်လိုက်တယ်။

ရုတ်တရက် လက်ကို ချုပ်ကိုင်ခံလိုက်ရတာ

ကြောင့် ဦးပေသီး ဆတ်ခနဲ တုန်လှုပ် သွားတယ်။ “ဒါ … ဘာလုပ်နေကြတာလဲ”

မာထန်လွန်းတဲ့အသံကြောင့် ဦးပေသီးတို့ ဆရာတပည့်တွေ မျက်လုံးပြူး သွားကုန် တယ်။

ဦးပေသီးက

နောက်လှည့်ကြည့်လိုက်တဲ့အခါ မားမားကြီးရပ်နေတဲ့ အဘိုးကြီးတစ် ဦးကို တွေ့လိုက်ရတယ်။

“ကျုပ်ဟာကျုပ် ဘာလုပ်လုပ်၊

ခင်ဗျားနဲ့ ဘာဆိုင်သလဲ၊

ကျုပ်အလုပ်ကို မနှောင့်ယှက်နဲ့” ပြောပြောဆိုဆို ဦးပေသီးက အဘိုးကြီးရဲ့

လက်က ဆောင့်ရုန်းလိုက်တယ်။

အဘိုးကြီးဟာ ဦးပေသီးရဲ့ လက်ကို

ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်တယ်။

အဘိုးကြီးရဲ့ ကျန်လက်တစ်ဖက်မှာ တော့

 

ကြေးခေါင်းလောင်းကြီးတစ်လုံးကို ကိုင်

ဆောင်ထားတယ်။

“ဘာ .. ဟောဒီ ..

……

သင်္ချိုင်းမြေတစ်ခုလုံးက ငါ့ပိုင်နက်ပဲ၊

သုဘရာဇာ ဦးသက်ရှည်ရဲ့ ပိုင်နက်ထဲ

လာပြီး မတော် တရားတွေ လုပ်ဖို့

ကြံစည်နေတာ …

သုဘရာဇာဦးသက်ရှည်မှာ

တာဝန်အပြည့်ရှိတယ်ကွ၊

ငါရှိနေသရွေ့ …

သင်္ချိုင်းထဲက မြေမှ နို့တောင်

မတရားနည်းတွေ သုံးဖို့အတွက်

မရစေရဘူးကွ၊

 

မင်းတို့ ခု ချက်ချင်း သင်္ချိုင်းမြေက ထွက်သွားစမ်း”

သင်္ချိုင်းစောင့် အဘိုးအို ဦးသက်ရှည်ရဲ့

အပြောကြောင့် ဦးပေသီးရဲ့ မျက်နှာ တင်း

မာသွားတယ်။

သင်္ချိုင်းစောင့်ကြီးကို မျက်ထောင့်နီကြီးနဲ့

ကြည့်ရင်း

“ပေသီးရာဇဝင်မှာ လိုချင်တာကို

ရအောင်ယူတတ်တယ်၊

ကျုပ်လိုတာ ယူပြီးမှပြန်မယ်၊

ခင်ဗျားကြီး အသက်ရှင်ချင်ရင်

မတားနဲ့၊

ကျုပ် ခင်ဗျားကို ဘာမှမလုပ်ဘူး၊

ကျုပ်လိုတာ ယူပြီး ပြန်မယ် အဘိုးကြီး၊

မဟုတ်လို့ ကတော့ …”

လို့ ခြိမ်းခြောက်စကားဆိုလိုက်တယ်။

သင်္ချိုင်းစောင့်အဘိုးအိုက ဦးပေသီးကို

ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။

လက်မခံဘဲ၊

“မင်းက မဟုတ်တာလည်း လုပ်သေးတယ်၊

အေးအေးဆေးဆေးပြောတာကို

ရှေ့ဆက်တိုးဖို့ ကြိုး စားတယ်ပေါ့၊

ကောင်းပြီ … မင်းရဲ့ ရွေးချယ်မှု ပါပဲ”

အဘိုးအိုက ထိုသို့ ပြောဆိုပြီး လက်မှာ

ကိုင်ထားတဲ့ ကြေးခေါင်းလောင်းကြီးကို မရပ် မနား

 

တီးခတ်လိုက်တယ်။

*

ဦးပေသီးရဲ့ တပည့်တွေ က သင်္ချို

င်းစောင့်အဘိုးအိုရဲ့ လုပ်ရပ်ကြောင့် ကြောင်အမ်းအမ်း

မှင်တက်သွားကြတယ်။

“ဂလောင် … ဂလောင် … ဂလောင်

ဂလောင် … ဂလောင် …. ဂလောင်”

အဆက်မပြတ်စွာ ထွက်ပေါ်နေတဲ့

ခေါင်းလောင်းသံ။

ခေါင်းလောင်းသံ မရပ်ခင်မှာ ပဲ သင်္ချို

င်းထဲဝင်လာတဲ့ မီးရောင် သဲ့သဲ့ကို တွေ့လိုက်ရ တယ်။

 

ဦးပေသီးတို့ လှုပ်ရှားချိန်မရလိုက်ခင်မှာ ပဲ မီးတုတ်ကိုင် ရွာသားတွေ အနီးဝိုင်းအုံ လာတယ်။

“ဘာ ဖြစ်လဲ … ဘာ ဖြစ်လဲ

အလိုးသက်ရှည်”

အလောင်းကို

“ဒီလူတွေ သာရင့်မိန်းမ မြမြရဲ့

ဖော်ပြီး အစီအရင်တွေ လုပ်နေကြတယ်”

အလိုးအိုရဲ့ စကားကြောင့်

မီးတုတ်ကိုင်ရွာသားတွေ ရဲ့ “တောက်” ခေါက်သံ ညံ သွားရတယ်။

“ဘာ … သေတဲ့လူကိုတောင် အလွတ်မပေး

ဘဲ ရွာကျော်ပြီး စော်ကားတဲ့လူတွေ …

သေဖို့သာ ပြင်ဟေ့”

 

ရွာသားတွေ ဟာ ထိုသို့ ကြုံးဝါးပြီး

ဦးပေသီးနဲ့ တပည့်တွေ ကို ဝိုင်းဝန်းထိုးကြိတ်

တော့တယ်။

ဦးပေသီးနဲ့ တပြည့်တွေ က ထိုးကြိတ်မှု တွေ

အောက် မရုန်းသာအောင် ခံနေရှာ တယ်။

ဦးပေသီးကို ထိုးကြိတ်နေတဲ့

ရွာသားတစ်ဦးက မီးတုတ်ယမ်းလိုက်တဲ့အတွက် ဦး ပေသီးရဲ့ မျက်နှာ မီးဟပ်ခံလိုက်ရတယ်။

“အား” ခနဲ အော်ဟစ်သံကြောင့် သင်္ချို

င်းစောင့်အဘိုးအိုဟာ ဦးပေသီးဆီ အကြည့်

ရောက်သွားတယ်။

အဘိုးအိုက ရွာသားတွေ ကို ဆက်ပြီး

မထိုးကြိတ်ဖို့ လက်ပြဟန့်တားလိုက်တယ်။

ငါ့မျက်နှာ မီးလောင်သွားပြီ၊

 

“အား … အား … ငါ့မျက်နှာ … ငါ့မျက်နှာ မီးလောင် သွားပြီ၊

အား .. နာတယ် … နာတယ်”

ဦးပေသီးရဲ့ ညည်းသံနဲ့အတူ ကျန်တပည့်နှစ်

ယောက် ပါ အထိုးအကြိတ်ခံရတဲ့အ တွက်

မျက်နှာတစ်ခုလုံး ရောင် ကိုင်းနေချေပြီ။

“ကဲ … ကဲ … မင်းတို့အားလုံး

တော် လိုက်ကြပါ၊

ငါတို့က ငါတို့သင်္ချိုင်းကို

သင်္ချိုင်းမြေအဆုံး ကာကွယ်ကြတာ

မှန်တယ်၊

ဒင်းတို့လည်း .

ခုလောက်ဆို နောင်ကျဉ်ရောပေါ့၊

 

လွှတ်ပေးလိုက် ကြပါ”

အဘိုးအိုဦးသက်ရှည်ရဲ့ စကားကြောင့်

ရွာသားတွေ ဒေါသတရှူး ရှူး နဲ့ ငြိမ်ကျသွား တယ်။

“တောက် …

အဘိုးသက်ရှည် တားလို့ပေါ့ဗျာ၊

မဟုတ်လို့ ကတော့ …

သုံးယောက် လုံး ဥဂြိုဟ်ပြီးသားပဲ၊

သွာကြစမ်း .. နောက် ဘယ်တော့မှ

ထန်းစုကို ခြေမလှည့်နဲ့၊

ထွက်သွားကြစမ်း”

ရွာသွားကြီးတစ်ဦးရဲ့ ကြုံးဝါးသံကြောင့် ဦးပေသီးရဲ့ တပည့်တွေ တုန်လှုပ်သွား တယ်။

မျက်နှာကို လက်နဲ့အုပ်ပြီး အော်ဟစ်နေတဲ့

 

ဆရာ ဖြစ်သူကိုဆွဲပြီး အမြန်ဆုံး ထွကဖို့ ပြင်လိုက်ကြတယ်။

နာကျင်မှု ဒဏ်ကြောင့် သွေးရူးသွေးတန်း

အော်ဟစ်နေရှာတဲ့ ဦးပေသီး။

ရွာသားတွေ နဲ့ ဝေးတဲ့အခါ

ဒေါသတကြီးအမူအရာနဲ့

“လုံးဝမကျေနပ်ဘူး၊

ငါ့မျက်နှာ မီးဟပ်သလို

မင်းတို့တစ်ရွာလုံး …

ဒုက္ခိတ ဖြစ်ဖို့ ပြင်ထားကြစမ်း၊

ငါ့အစီအရင်ကို ဖျက်တဲ့လူတွေ

မှော် ဆရာပေသီး ဘာကောင်လဲဆိုတာ

တစ်နေ့ …

ကောင်းကောင်းသိစေရမယ်ကွ၊

မြဲမြဲမှတ်ထားကြ”

အခန်း (၄) အထက်ပါအကြောင်းအရာများ ဖြစ်ပွားပြီး

(၇) နှစ် မျှ ကြာသော အခါ …

ထန်းစုရွာရဲ့ လမ်းမမှာ အဝတ်အစား

စုတ်ပြတ်ပြတ်နဲ့ အရက်သမားတစ် ယောက်

ဒယိမ်းဒယိုင်နဲ့ လျှောက်လာတယ်။

အရက်သမားဟာ ပုလာင်းထဲက

လက်ကျန်အရက်ကို တစ်ရှိန်ထိုး မော့သောက် လိုက်ရင်း

“မိုက်တဲ့လူရှိရင် ထွက်ခဲ့စမ်းကွ၊

သာရင်တဲ့ဟေ့ … တစ်ရင်တည်းရှိတယ်၊

ဟာ .. မင်းက

ငါ့ကို ဟောင်ရဲတယ်ပေါ့

 

သူတောင်းစား ခွေစုတ်၊

ကဲကွာ”

ကိုသာရင်ဟာ သူ့ကိုလွှတ်ဟောင်နေတဲ့

ခွေးပိန်လေးကို ခြေနဲ့ ဆင့်ကာဆင့်ကာ

ကန်ထည့်လိုက်တယ်။

က

ဒါကို မြင်တဲ့ ရွာသူတွေ က

ခြံဝိုင်းထဲကနေပြီး …

“အင်း … သာရင့် ဒုက္ခလည်း

နှစ် တွေ မနည်းဘူး၊

အတော် ကို မအေးတာဘဲနော်၊

ဘာအလုပ်မှလည်း ဒင်း မလုပ်တော့ဘူး၊

ညီမ, ဖြစ်တဲ့သူက သူ့ရှိစုမဲ့စုလေးနဲ့

အိမ်ဆိုင်လေးထောင်ပြီး ရှာကျွေးနေတာပဲ

 

ဒင်းကျေးဇူးတင်ရမှာ ၊

ဪ … လူ့ဘဝရဲ့ အလှည့်အပြောင်းများ

ကြောက်စရာကောင်းလောက်အောင်

အံ့ပါရဲ့ အေ”

လို့ တစ်ယောက် က ပြောလိုက်တဲ့အခါ

နောက် တစ်ယောက် က …

“သူက သူ့မိန်းမကို သိပ်ချစ်တာကိုးအေ့၊

ဒီတော့လည်း … ဘဝပျက်မတတ်

ခံစားရမှာ ပေါ့။

မွေးထားတဲ့ကလေးကလည်း …

မကောင်းဆိုးရွားလေး မဟုတ်လား၊

ငါတော့ သာရင့်ကို

သိပ်သနားတာပဲအေ”

 

လို့ ပြောလိုက်တယ်။

ဒီအချိန်မှာ ပဲ ရွာသားလူငယ်တစ်ဦးက …

“ဦးလေးသာရင် … သိပ်မူးနေရင်လည်း

အိမ်ပြန်လိုက်ပါဗျာ၊

ဦးလေး လှိမ့်ကန်တာနဲ့ ခွေးလေး

သနားဖို့ သိပ်ကောင်းနေပြီဗျ၊

လာ … လာ … ကျုပ် ပြန်ပို့ပေးမယ်”

လို့ ပြောရင်း ကိုသာရင်ကို ဆွဲလိုက်တယ်။ ကိုသာရင်ဟာ လူငယ်ရဲ့ ထိန်းမမှု ကြောင့် ဒယိမ်းဒယိုင် ခြေလှမ်းနဲ့ပဲ ၎င်းရဲ့ ခြံဝိုင်းဆီ တန်း တန်းမတ်မတ် ပြန်ရောက်ခဲ့တယ်။

လူငယ်က ကိုသာရင်ကို

တဲရှေ့ကပြင်လေးမှာ ထိုင်စေတယ်။

 

“အဖေ … ဘုရားမကြိုက်တဲ့ အလုပ်တွေ

လုပ်လာပြန်ပြီပေါ့၊

အရက်သောက်တာ မကောင်းဘူးလို့၊

ရွာဦးကျောင်းဆရာတော် ဘုရား

ဟောထားတယ်လေ၊

ရေအေးလေး သောက်လိုက်ပါဦးလေ”

ခုနစ်နှစ် အရွယ် ဆံရစ်ဝိုင်းနဲ့

ကလေးမလေးဟာ ဖခင်ကို ရေခွက်လှမ်းပေးရင်း ပြောလိုက် တယ်။

သူမရဲ့ အပြောကြောင့်

ကိုသာရင့်မျက်နှာကြီး ရဲတွတ်မတတ် နီရဲသွားတယ်။ ရေခွက်ကို လက်နဲ့ရိုက်ချလိုက်ပြီး .

“သွားစမ်း …

 

ကျက်သရေမရှိတဲ့ကလေး၊ နှင်းမေ … နှင်းမေ …

နင် ဘယ်ရောက်နေလဲ လာစမ်း”

လို့ အော်ဟစ်လိုက်တယ်။

ကလေးမလေးဟာ ကိုသာရင့်ရဲ့

ကြောက်မက်ဖွယ်အမူအရာကြောင့် ဝမ်းနည်းစွာ

ငိုကြွေး နေရှာတယ်။

“ဘာလဲ အစ်ကိုရယ် …

ငါ ဈေးရောင်းနေတယ်ဟဲ့”

နှင်းမေက ဈေးဆိုင်ထဲက ထွက်လာရင်း

ပြောလိုက်တယ်။

“ဒီကျက်သတုံးမလေးကို

ငါ့ရှေ့မလွှတ်ဖို့

 

နင့်ကို မှာ ထားတယ်မဟုတ်လား၊ သွား … ခေါ် သွားစမ်း၊ ငါ သတ်မိလိမ့်မယ်”

နှင်းမေဟာ သက်ပြင်းချမိရင်း …

“အစ်ကို … နှစ် တွေ လည်း ကြာနေပါပြီ၊

နင် ဒီကလေးအပေါ်မှာ

ဒီလောက် ရက်ရက်စက်စက်

ဆက်ဆံဖို့ မသင့်တော့ဘူး၊

အားလုံးဟာ ..

ထန်းသီးကြွေခိုက် ကျီးနားခိုက်

ဖြစ်ခဲ့တာပါဟာ”

“တော် စမ်း … နှင်းမေ၊

 

ငါ့ကိုလာပြီး မိချောင်းမင်း ရေကင်းမပြနဲ့၊ ဒင်းဟာ … မအေကို ပြန်စားခဲ့တဲ့ကလေး

ဒင်းမွေးပြီး မကြာဘူး လယ်ထဲမှာ

ဒဏ်ရာရလို့ ငါ့ခြေထောက်တစ်ဖက်

ထော့နဲ့သွားရတာ ၊

ရွာမှာ လည်း ဒင်းကြောင့်

စီးပွားရေး တွေ ကျဆင်းခဲ့ရတယ်၊

ဒီအကြောင်းတွေ ကို ငါတင်မကဘူး

တစ်ရွာလုံး ပြောဆိုနေကြတယ်၊

ငါ မလွန်ဘူးကွ”

ကိုသာရင့်အပြောကြောင့် နှင်းမေဟာ

မျက်မှော င်ကြုတ်သွားပြီး …

“နင်ကိုယ်တိုင်က

 

ပတ်ဝန်းကျင် ဘက်ပါနေရင်

ဒီကလေး ….

ဘယ်လိုရပ်တည်မလဲ အစ်ကို၊

ဘာပဲ ဖြစ် ဖြစ် ဒါ နှင့် သွေးအရင်းပဲ၊

ကံကြမ္မာကြောင့် ငါ့တူမလေးမှာ

လက်ဖဝါးသုံးခု ပါခဲ့ရရှာတယ်၊

ဒါပေမယ့် … ကလေးကို

ကလေးလိုပဲ ဆက်ဆံသင့်တယ်၊

နှင့်သားသမီးကို …

မုန်းချင်သလောက် မုန်းလို့ရတယ်၊

ရိုက်သတ်ပစ်လို့တော့ မရဘူး၊

မြရင်ကလေးကို နင်ထိကြည့်၊ ငါနဲ့နင် သေခန်းပြတ်သွားမယ်၊

တစ်ချိန်လုံး မူးရူးနေတဲ့လူ

နင့်ကိုယ်နင် မြင်အောင်ကြည့်စမ်းပါဟဲ့”

လို့ ဒေါသတကြီး ပြောဆိုရင်း မြရင်လေးကို

ဆွဲခေါ်သွားတယ်။

ကိုသာရင်ဟာ ကွပ်ပျစ်ပေါ် လှဲချလိုက်ရင်း အရက်ပုလင်းကို တစ်ရှိန်ထိုး မော့ချလိုက်တော့တယ်။

*

ထန်းစုရွာလေးရဲ့ ဗာဒံပင်ကြီးအောက်မှာ ကလေးငယ်တစ်သိုက်ဟာ ဗာဒံ သီးအကြွေများ ကို

 

လိုက်လံရှာဖွေနေကြတယ်။

ကလေးတွေ ဟာ ဗာဒံသီးအကြွေများ

ရတဲ့အခါ ထုထောင်းပြီး ဗာဒံစေ့များ ကို သူ့ ထက်ငါ

အလုအယက် စားသောက်ကြတယ်။

ဗလအကြီးဆုံး ဖြစ်တဲ့ ယောက်ျားလေးနှစ်

ဦးဟာ ဗာဒံစေ့တွေ ကို ဒိုင်ခံ ထုခွဲပေးနေ သလို ကျန်ကလေးတွေ က အလှည့်ကျ စားသောက်ကြတယ်။

ဒါကို အဝေးက ရပ်ကြည့်နေတဲ့

မြရင်လေးဟာ ရွယ်တူကလေးတွေ ရှိရာ ပြေးသွား

တယ်။

“ငါလည်း ဗာဒံစေ့ စားချင်တယ်၊

ငါ့ကိုလည်း ကျွေးပါဟယ်”

သူမအသံကြောင့် ဗာဒံစေ့ထုတဲ့နေရာ

အုံခဲနေတဲ့ ကလေးတွေ ရဲ့ ခေါင်းထောင်သွား တယ်။

 

ဗလအကြီးဆုံး ကောင်လေးက

မတ်တတ်ရပ်လိုက်ပြီး

“နင့်ကို ဂြိုဟ်မလေးလို့

ငါ့အမေက ပြောတယ်၊

နင် သရဲလိုပဲ …

သရဲမလေးကို ငါတို့က

ဘာလို့ ကျွေးရမှာ လဲ၊

နင်က လူမှမဟုတ်တာ”

လို့ လက်ညှိုး ထိုး ပြောလိုက်တယ်။

ခပ်ဆိုးဆိုးကလေး တစ်ယောက် က …

“ဟုတ်တယ် … သူက သရဲမပဲ၊

ဘာမှကျွေးစရာမလိုဘူး၊

သွားစမ်းကွာ”

 

ဆိုပြီး မြရင်လေးကို

ဆောင့်တွန်းပစ်လိုက်တယ်။

မြရင်လေးဟာ ဆောင့်တွန်းခံရတဲ့

အရှိန်ကြောင့် မြေပေါ်ဝမ်းလျားမှော က် လဲကျ

နာကျင်မှု ကြောင့် သူမ ဟီးခနဲ

သွားရှာတယ်။

ငိုချလိုက်မိတယ်။

ကလေးငယ်တွေ ဟာ သူမနံဘေး

ဝိုင်းအုံခဲလာပြီး …

“ငါတို့အားလုံးရဲ့ လက်မှာ

လက်ဝါးဆိုတာ နှစ် ဖက်ပဲ ရှိတယ်၊

နင်က …

သရဲမ, ဖြစ်လို့ သုံးဖက်ရှိနေတာ၊

 

သွားစမ်း”

လို့ အော်ဟစ်ရင်း ဗာဒံစေ့တွေ ၊ ခဲလုံးတွေ နဲ့ မြရင်လေးကို ဝိုင်းဝန်းပင်ပေါက်ကုန်ကြ တယ်။

“အီးဟီးဟီး .. မလုပ်ကြပါနဲ့၊

ငါ ဗာဒံစေ့ မစားတော့ပါဘူး၊

ငါ … ငါ … နာလွန်းလို့ပါ၊ … .

မလုပ်ကြပါနဲ့”

သူမ လက်ကလေးနဲ့ ကာရင်း ငိုကြီးချက်မ

ပြောဆိုလိုက်တယ်။

ကလေးတွေ ဟာ သူမရဲ့ အ ဖြစ်ကိုကြည့်ပြီး

တဟီးဟီး ရယ်မောကုန်ကြတယ်။

“… …

ဒါက ဘယ်လို ဖြစ်နေကြတာလဲ၊

 

ဟင် … မြရင်လေး … မြရင်”

ဆိုင်အတွက် ကုန်ခြောက်တွေ ဝယ်ပြီး

ပြန်လာတဲ့ မနှင်းမေဟာ မြရင်ရဲ့ အ ဖြစ်ကို တွေ ပြီး

ပြေးထူမလိုက်တယ်။

“ဒီသရဲမက …

ကျုပ်တို့ဆီက ဗာဒံစေ့

လာတောင်းစားနေတယ်၊

ဒါကြောင့် …

ပညာပေးလိုက် တာ ဘာ ဖြစ်လဲဗျ”

ခပ်ဆိုးဆိုးကလေးရဲ့ စကားကြောင့် .

မနှင်းမေဟာ ဒေါသ အလွန်ထွက်သွားပြီး…

“ဟဲ့ … နင်တို့ ဗာဒံစေ့က

ဘယ်လောက်တန်ဖိုးကြီးလို့လဲ၊

 

ကိုယ်ချင်းစာစိတ်မရှိတဲ့ ကလေးတွေ ၊ နင်တို့ … ဒီလို အနိုင်ကျင့်တာ

လက်မခံနိုင်ဘူး၊

သူကြီးနဲ့ တိုင်မယ်၊

မြရင်လေး … သိပ်နာနေလား၊

ဒေါလေးကို တွဲ ပြီးထနော်၊

∞ … ∞”

လို့ ပြောရင်း မြရင်လေးကို

ဆွဲထူလိုက်တယ်။

“သူကြီးနဲ့ တိုင်စရာ ဘာမှမလိုဘူးဗျ၊

အဒေါ်ကြီးတူမက

သူတောင်းစားလို လာတောင်းစားတာ

ဘာသိလို့လဲ၊

 

ဟေ့ကောင်တွေ လာကြ၊

တခြားနေရာ သွားဆော့မယ်ဟေ့”

“အမလေးတော်

လူကြည့်တော့ နို့နံ့တောင်မစင်သေးဘူး၊

မိုက်ရိုင်းလိုက်ကြတာ၊

ငါ့တူမကို သူတောင်းစားတဲ့၊

ကလေးမို့လို့ ကြည့်နေတာ၊

လူကြီးဆိုလို့ ကတော့ ပါးရှစ်စိတ်ကွဲအောင်

လုပ်ထည့်လိုက်ပြီ၊

အရိုင်းအစိုင်းကလေးတွေ ၊

နင်တို့ကို သူကြီးနဲ့ တိုင် ဖြစ်အောင်တိုင်မယ်၊

တောက်”

 

မနှင်းမေရဲ့ ကြုံးဝါးသံကြောင့်

ကလေးတစ်အုပ်ဟာ သူမကို လှောင်သလို တဟား ဟားရယ်မောပြီး ပြေးထွက်သွားကြကုန်တယ်။

“ဟီး .. ဟီး … ဟီး …

နာတယ် ဒေါ်လေး၊

2 … 208. …

မြရင်ကို အရမ်းနာအောင်

လုပ်တယ်”

မနှင်းမေဟာ တူမ ဖြစ်သူကို မျက်ရည်စေ့မတတ် သနားမိသွားရှာတယ်။

“အေးပါ … တူမလေးရယ်၊

မငိုနဲ့နော် … တိတ်တော့၊

အိမ်ရောက်မှ ဒေါ်လေး

 

ဆေးလူးပေးမယ်နော်၊

ဒါကြောင့် … တူမလေးကို

အိမ်ဝိုင်းထဲမှာ ပဲ ဆော့ဖို့

ဒေါ်လေး ပြောခဲ့တာ၊

ကဲ … ထ …ထ”

 

အခန်း (၅)

“ဒီကိစ္စကို …

ကျုပ် မကျေနပ်ဘူး သူကြီး၊

ကျုပ်တူမကို မကျွေးချင်ရင်

ပါးစပ်နဲ့ ပြောပေါ့၊ ကလေးတွေ ဖြစ်ပြီး …

ဒီလို လက်ရဲဇက်ရဲနိုင်တာ

မ ဖြစ်သင့်ဘူး၊

သူတို့ကို သူကြီး ဆုံးမပေးပါ”

မနှင်းမေက မြရင်လေးရဲ့ လက်ကိုဆွဲရင်း

သူကြီးကို ပြောလိုက်တယ်။

သူကြီးဖိုးတုတ်က

 

ခေါင်းတဆတ်ဆတ်ညိတ်ရင်း မျက်လွှာပင့်ကြည့်လိုက်တယ်။

သူကြီးခေါ်ထားတဲ့အတွက် ကလေးဆိုးတွေ

ရဲ့ မိခင်တွေ ရော၊ ကလေးတွေ ပါ သူ့

ရှေ့ရောက်နေကြပြီ။

“ဟုတ်တယ်၊ …. ဒါ မ ဖြစ်သင့်ဘူး၊

လူငယ်ဆိုတာ … တစ်ချိန်

လူကြီးတွေ ဖြစ်လာကြမှာ၊

ကလေးအရွယ်ကတည်းက

လက်ရဲဇက်ရဲနိုင်နေရင်

ကြီးတဲ့အခါ … ငါ့ရွာမှာ

လူမိုက်တွေ ကြီးစိုးကုန်လိမ့်မယ်၊

ဒီတော့ …

 

မြရင်ကို အနိုင်ကျင့်တဲ့

ကလေးအားလုံးကို အပြစ်ပေးရမယ်”

သူကြီးဖိုးတုတ်ရဲ့ စကားကြောင့် ကလေးမိဘတွေ ဟာ မျက်နှာရှုံ့ မဲ့သွားကုန်တယ်။

“လက်မခံဘူး သူကြီး၊

က

ကလေးတွေ က သူတို့ဟာသူတို့

ဗာဒံစေ့ ထုစားနေကြတာ၊

ဂြိုဟ်မလေး ရောက်မသွားရင်

ဘာမှ ရန် ဖြစ်စရာအကြောင်းမရှိဘူး၊

ဒင်းကို ကျုပ်တို့တစ်ရွာလုံး

ရွာကျဉ်ထားတာ ဘယ်နှနှစ်

ရှိနေပြီလဲ၊

ဒင်းတို့ကို မကောင်းဆိုးဝါး ဖြစ်နေလို့၊

 

အားလုံးရဲ့ တောင်းဆိုချက်ကို လက်ခံပြီး သူကြီးကိုယ်တိုင်

ရွာပြင်နှင်ခဲ့တာ မဟုတ်လား၊

ဒါဟာ … ဂြိုဟ်မလေး

ရွာထဲဝင်ပြီး သက်သက်မဲ့

ဂြိုဟ်မွှေသွားတာရှင့်”

မိန်းမကြီး တစ်ယောက် က သူကြီးကို

အာပေါင်အာရင်းသန်သန် ရန်တွေ့ပြောလိုက် တယ်။

ကျန်မိန်းမတွေ ကပါ …

“ဟုတ်တယ် … ဟုတ်တယ်တော်၊

ကျုပ်တို့ကလေးတွေ ကို

အပြစ်ပေးစရာ မလိုဘူး၊

 

လုံးဝ လက်မခံဘူး”

လို့ ငြာသံပေး ကြွေးကြော်ကုန်ကြတယ်။

၎င်းတို့ရဲ့ စကားကြောင့် သူကြီးဖိုးတုတ်ဟာ ဒေါသအလွန်ထွက်သွားပြီး …

“တိတ်ကြစမ်း …

ဒီရွာမှာ သူကြီးဖိုးတုတ်ကို

ဘယ်သူမှ ကျော်လို့မရဘူးကွ၊

အေး … တစ်ချိန်က မြရင်တို့မိသားစုကို

ရွာပြင်နှင်ခဲ့တယ်ဆိုတာလည်း

ရွာရဲ့ ရှေးရိုးအယူအဆအရ …

ရွာသူရွာသားတွေ ရဲ့ တောင်းဆိုမှု ကြောင့်

ပဲ၊

 

နင်တို့အားလုံး အတိတ်ကအ ဖြစ်ကို

ပြန်ပြီး ချေးခြောက်ရေနူးစရာ

အကြောင်းမရှိဘူးကွ၊

ငါ့ရွာမှာ နေရင် …

ငါ့ဆုံးဖြတ်ချက်ကို လိုက်နာရမယ်၊

ဒါပဲ ၊ ကဲ … ကလေးတွေ

ရှေ့ထွက်ခဲ့စမ်း”

ကလေးတွေ ဟာ မိခင် ဖြစ်သူတွေ ကို

မော်ကြည့်ရင်း ရှေ့ထွက်လိုက်ကြတယ်။

မြရင်လေးရဲ့ ဘေးမှာ ရှိတဲ့ ကလေးဟာ

ရှေ့ထွက်ဖို့ ပြင်နေရာက …

“နင့်ကို မကျေနပ်ဘူး၊

အငတ်မ … အစုတ်”

 

လို့ မကြားတကြား ပြောလိုက်တယ်။

ထိုကလေးမလေးဟာ ပြောဆိုရင်း မြရင်ရဲ့

လက်ကို ဆွဲလိမ်လိုက်တယ်။

မြရင်လေးဟာ အငတ်မလို့

အပြောခံရတဲ့အတွက်ရော၊ လက်ပါ ဆွဲလိမ်ခံရတဲ့အ

တွက်ပါ မကျေမနပ် ဖြစ်သွားရှာတယ်။

ဒါကြောင့် …

ကောင်မလေးရဲ့ လက်ကို ဆတ်ခနဲ ဆွဲယူပြီး

လက်မောင်းကို ကိုက်ထည့်လိုက် တော့တယ်။

“အား အား …

နာတယ် .. နာတယ်”

ကောင်မလေးရဲ့ အော်သံကြောင့် အားလုံးရဲ့ အကြည့်က ထိုနေရာဆီ ရောက်လာ

 

ကြတယ်။

“မြရင် … မြရင် …

သမီးကို ကိုက်တယ်၊

အီး … ဟီး … ဟီး”

ကောင်မလေးရဲ့ တိုင်တန်းမှု ကြောင့်

မြရင်လေးဟာ အဒေါ် ဖြစ်သူရဲ့ လက်ကို လွှတ် ပြီး သူကြီးရှိရာ တည့်တည့်လျှောက်သွားတယ်။

လူအားလုံး မှင်တက်နေစဉ်မှာ ပဲ

မြရင်လေးဟာ သူကြီးဖိုးတုတ်ကို စူးစိုက်ကြည့် ရင်း …

“သူက ကျွန်မကို …

အငတ်မအစုတ်မလို့ ပြောပြီး

လက်ကို လိမ်ဆွဲတယ် သူကြီး၊

ဒါကြောင့် … မခံနိုင်လို့

 

ပြန်ကိုက်မိတာပါ။

ကျွန်မစကား မှန်တယ်ဆိုတာ

သူကြီးကို …

ရွာစွန်က ဘုရားဖြူကြီးမှာ

တိုင်တည်ပြီး ပြောရဲပါတယ်၊

ဒါပေမဲ့ …

သူကြီး အပြစ်ပေးပါရှင်”

မြရင်လေးရဲ့ အပြောကြောင့် သူကြီးဖိုးတုတ် မျက်မှော င်ကြုတ်သွားပြီး . “ဟေ့ … အကိုက်ခံရတဲ့ကလေး

လာစမ်း”

လို့ ခေါ်လိုက်တယ်။

ကလေးငယ်က တွန့်ဆုတ်ဟန်နဲ့ သူကြီးဆီ

 

လှမ်းလာတယ်။

“မှန်မှန်ပြောစမ်း ..

မြရင်က စလုပ်တာလား၊

နင်က စလုပ်တာလား၊ အမှန်အတိုင်းပြောရင် ငါ မရိုက်ဘူး”

သူကြီးစကားကြောင့် ကောင်မလေး

ဆတ်ခနဲ တုန်သွားပြီး..

“ဟုတ် .. ဟုတ်တယ်၊

သူက အငတ်မမို့လို့ ပြောတာ”

လို့ ဖြေလိုက်တယ်။

“အေး … လူဆိုတာ

မှန်တဲ့အတိုင်း ပြောဝံ့ရတယ်၊

 

ဒီတော့ …

သူကြီး နင့်ကို မရိုက်ဘူး၊

ကျန်တဲ့ကလေးတွေ ပဲ အပြစ်ပေးရမယ်”

သူကြီးရဲ့ အပြောကြောင့် ကလေးအားလုံး

မျက်နှာပျက်သွားပြီး …

“ဟို ဟို … ဝန်ခံပါတယ် သူကြီး၊

ကျွန်တော် တို့ကိုလည်း မရိုက်ပါနဲ့၊

မြရင်ကို ကျွန်တော် တို့ အနိုင်ကျင့်မိပါတယ်”

လို့ တစ်ယောက် က ပြောလိုက်တဲ့အခါ

ကျန်ကလေးတွေ ကပါ …

“ဟုတ်ပါတယ် သူကြီး၊

ကျွန်တော် တို့ အနိုင်ကျင့်မိပါတယ်”

 

လို့ ဝိုင်းပြောကုန်တယ်။

သူကြီးဖိုးတုတ်က ပြုံးစေ့စေ့အမူအရာနဲ့

ခေါင်းညိတ်လိုက်ရင်း …

“အေး .. ငါလိုချင်တာ အဲဒါပဲ၊

သူတို့အမှားကို သူတို့သိသွားတဲ့အတွက်

နှင်းမေကလည်း ကျေနပ်လိုက်ပါ၊

သူများ အပေါ် အနိုင်ကျင့်ဖို့

မကြိုး စားပါနဲ့၊

ကဲ … အားလုံးပဲ ပြန် ကြတော့”

လို့ ပြောလိုက်တယ်။

သူကြီးရဲ့ စကားကြောင့် ကလေးမိခင်တွေ

ဟာ ကျေနပ်ဟန်မရှိဘဲ ခြေဆောင့်နင်း

ထွက်သွားကုန်တော့တယ်။

 

ညနေစောင်းချိန်တစ်ခု … ထန်းစုရွာလေးရဲ့ အစွန်ရှိ

ရှေးဟောင်းကျောက်ဆစ် ဘုရားအတွင်းဝယ်

မြရင်လေး တစ်ယောက် ဘုရားဝတ်ပြုနေတယ်။

သူမဟာ ဘုရားရဲ့ အလွန်သပ္ပာယ်တဲ့မျက်နှာတော်ကို မော်ဖူးရင်း … “အရှင်ဘုရား …

ကျွန်မကို ဘာလို့

သူများ နဲ့မတူတဲ့ ဘဝကို

ဖန်တီးပေးထားတာလဲ ဘုရား၊

 

သူများ ထက်ပိုပြီး လက်ဖဝါးအပိုပါနေတာ၊

တကယ်ပဲ …

လူတွေ ကို ဘေး ဖြစ်စေတာလား

ဘုရား၊ အဖေကလည်း

ကျွန်မကို ဂြိုဟ်ဆိုးမလေးဆိုပြီး

အမြဲ မကောင်းပြောတယ် ဘုရား၊

ဒါပေမဲ့ …

ကျွန်မ ဘယ်သူ့ကိုမှ

မတရားမလုပ်ဖူးပါဘူး၊

ကျွန်မရင်ထဲက အပူမီးဟာ

အရှင်ဘုရားကို ဖူးမြော်ခွင့်ရတဲ့

 

ခဏလေးပဲ ငြိမ်းအေးမှ ရှိပါတယ်ဘုရား၊ လူတွေ မလိုတဲ့ ခုလို ဘဝဆိုးကြီးက

လွတ်မြောက်ခွင့်ရဖို့ ဆုတောင်းပါတယ်

အရှင်ဘုရား”

သူမ နှုတ်က တတွတ်တွတ်ရွတ်ရင်း

ဦးချကန်တော့လိုက်တယ်။

ရွာနဲ့အိမ်မှာ နေရတာ ထက်စာရင်

ဆည်းလည်းသံနဲ့ သာယာလွန်းတဲ့ ကျောက်ဆစ်

ဘုရားရဲ့ ပရဝုဏ်ဘေးမှာ နေရတာ သူမ

သိပ်သဘောကျမိတယ်။

ဒါကြောင့် အဒေါ် ဖြစ်သူ မနှင်းမေ

အလုပ်ရှုပ်နေတဲ့ အချိန်တိုင်း သူမ ဘုရားကို လာ

ရောက်ဝတ်ပြုလေ့ရှိတယ်။

 

“အရွယ်နဲ့မလိုက်အောင် ဘာသာတရားရှိတဲ့ ကလေးပဲ၊

ရွယ်တူကလေးတွေ ဆော့ကစားနေချိန်မှာ

ဘုရားကျောင်းကန်ရောက်နေတဲ့ကလေး

အင်း … သာဓု …

သာဓု … သာဓုပါကွယ်”

ကြားလိုက်ရတဲ့အသံကြောင့် မြရင်လေးက

မော်ကြည့်လိုက်မိတယ်။

ယောဂီဝတ်စုံနဲ့ အေးချမ်းတဲ့ မျက်နှာပိုင်ရှင်

အဘွားအို တစ်ယောက် ။

||

အဘွားအိုက သူမကို ငေးစိုက်ကြည့်ရင်း

သူမရဲ့ လက်ကို သတိပြုမိသွားတယ်။

မြရင်လေးဟာ ဒါကို

 

သတိထားလိုက်မိခြင်းကြောင့် ရှက်ရွံ့စွာ ပဲ လက်ကို ဒူးခေါင်း ဘေး ချလိုက်မိတယ်။

အဘွားအိုက မတ်တတ်ရပ်နေရာက

ထိုင်လိုက်ပြီး သူမရဲ့ မျက်နှာကို စေ့စေ့ကြည့် တယ်။ ပြီးတော့ သူမရဲ့ နဖူးပေါ် ဝဲကျနေတဲ့

ဆံပင်တွေ ကို သပ်တင်ပေးရင်း …

“သမီးဟာ …

ထူးခြားတဲ့ မိန်းကလေး တစ်ယောက် ပါပဲ၊

သူများ နဲ့မတူဘဲ လက်ဝါးပြင်တစ်ခု

ပါရှိနေခြင်းဟာ …

ရှက်ရွံ့စရာမဟုတ်ဘူး သမီး၊

ငါ့သမီး မြဲမြဲမှတ်ထားပါ …

သမီးဟာ လူတွေ အများ ကြီးကို

 

ကယ်တင်ခွင့်ရလိမ့်မယ်၊

ဘဝမှာ ကောင်းတာတွေ အများ ကြီး

လုပ် ဖြစ်လိမ့်မယ်၊

အဲဒါ … ငါ့သမီး သိရဲ့ လားကွဲ့ ”

ယောဂီဝတ်အဘွားအိုရဲ့ စကားကြောင့်

မြရင်လေးရဲ့ မျက်လုံးတွေ အရောင်

တောက်သွားတယ်။

“အဘွား

အဲဒါ တကယ်ပြောတာလားဟင်၊

ဒါပေမဲ့ …

ဖြစ်နိုင်မယ်မထင်ပါဘူး အဘွားရယ်၊

ရွာက လူတွေ က ကျွန်မကို

မကောင်းဆိုးဝါးလို့ သတ်မှတ်ထားကြတယ်၊

 

အဖေကလည်း . မွေးကတည်းက ခုချိန်ထိ

ကောင်းကောင်းမဆက်ဆံဘူး၊

အားလုံးက ကျွန်မရှိနေတာ

ရွာနာတယ်လို့ ထင်နေကြတယ်

အဘွားရယ်”

မြရင်လေးဟာ ထိုသို့ ပြောရင်း

မျက်ရည်တွေ ရစ်ဝဲတက်လာတယ်။

အဘွားအိုက သူမရဲ့ ဆံစတွေ ကို

ပွတ်သပ်ပေးရင်း …

“ဒါဟာ …

လောကဓံလို့ခေါ်တယ် သမီး၊

ဒါပေမဲ့ …

 

အဘွားပြောတာကို ယုံလိုက်ပါ၊ ငါ့သမီးမှာ ထူးခြားတဲ့ ကံကြမ္မာ

ရှိနေတယ်၊ ငါ့သမီးဟာ

ဒီနေ့ချိန်အထိ မကောင်းတာ

ဘာမှ မလုပ်ခဲ့ဘူးဆိုတာ

ငါ့သမီးမျက်နှာမှာ ပေါ်လွင်နေတယ်၊

ငါ့သမီးလေးရဲ့ ထူးဆန်းတဲ့ကံကြမ္မာ၊

မွေးရာပါ အစွမ်းတွေ ဟာ

မကြာခင် ပေါ်လာတော့မယ်

သမီးလေး၊ ဒါကို …

မြဲမြဲမှတ်ထားနော်”

လို့ ဆိုလာတယ်။

 

အဘွားအိုရဲ့ စကားကြောင့် မြရင်လေးဟာ စိတ်အားတက်ကြွသလို ခံစားလိုက်ရ တယ်။

ဒါကြောင့် …

“အဘွားရဲ့ စကားတွေ က

သိပ်ကို အားရှိသွားသလို

ခံစားရတယ်၊

အဘွားပြောတာကို ကျွန်မ

မှတ်ထားပါ့မယ်၊

ဒါနဲ့ … အဘွားက ဘယ်မှာ နေတာလဲဟင်”

အဘွားအိုက ထိုင်ရာက

ထရပ်လိုက်တဲ့အတွက် သူမပါ ရပ်လိုက်မိတယ်။

“အဘွားက

အိမ်ရာအတည်တကျမရှိဘူးကွဲ့၊

 

လမ်းတွေ ရှိနေသရွေ့ အဘွား ခရီးဆက်နေရဦးမယ်၊

အဘွားကို …

ဂန္ဓာရီယောဂီကြီး တစ်ယောက် လို့ပဲ၊

ငါ့သမီးလေး မှတ်ထားလိုက်ပါကွယ်၊

အဘွားလည်း အဓိဋ္ဌာန်အတိုင်း ခရီးဆက်ရဦးမှာ မို့ သွားတော့မယ်ကွဲ့ ”

မြရင်လေးဟာ အဘွားအိုကို လက်အုပ်ချီ

အရိုအသေပြုရင်း ရပ်ငေးကျန်ခဲ့တယ်။

ရှေးဟောင်းကျောက်ဆစ်ဘုရားကြီးရဲ့

ရင်ပြင်တော် ပေါ်က အဘွားအိုရဲ့ သဏ္ဌာန်

ကွယ်ပျောက်သွားတော့မှ ကျွန်မ သတိပြန်ဝင်လာပြီး ရွာဘက်ပြန်ခဲ့တော့တယ်။

အခန်း (၆)

“နှင်းမေဆိုတဲ့ ကောင်မ … ထွက်ခဲ့စမ်း၊

ဟဲ့ ကောင်မ … နင့်ကို

ထွက်ခဲ့လို့ ပြောနေတယ်”

ဝေလီဝေလင်းအချိန်ကြီး

ကြားလိုက်ရတဲ့အသံကြောင့်

မနှင်းမေ တစ်ယောက် ရင်ထဲ ထိတ်ခနဲ

ဖြစ်သွားတယ်။

ဒါ့ကြောင့် … ခြင်ထောင်ထဲက ထွက်ပြီး

တဲအိမ်လေးရဲ့ တံခါးကို ဖွင့်လိုက်တယ်။

“ဟဲ့ … ပုစိန် …

စောစောစီးစီး ငါ့အိမ်ရှေ့လာပြီး

ဘာလို့ အော်ဟစ်နေရတာ လဲ၊ အရှက်မရှိဘူးလားဟဲ့”

မနှင်းမေရဲ့ အပြောကြောင့် ပုစိန်ဆိုတဲ့ အမျို

: သမီးဟာ ပိုမိုဒေါသထွက်ဟန်နဲ့ …

“ဘာ … ကြားလို့မှ ကောင်းကြသေးရဲ့ လား

အရပ်ကတို့ရဲ့ ၊

ကျုပ်ကိုများ သောက်ရှက်မရှိဘူးတဲ့တော် ၊

ကောင်မ … နင့်ဆီကို

ဧည့်သည်လုပ်ဖို့ လာတာမဟုတ်ဘူး၊

ဘယ်မလဲ … မကောင်းဆိုးဝါးမ မြရင်

ခေါ်လိုက်စမ်း”

လို့ ထဘီစွန်းတောင်ဆွဲ အော်ဟစ်လိုက်တယ်။

“ငါ့တူမကို မကောင်းဆိုးဝါးမလို့ မပြောနဲ့၊ ဆက်ပြောရင် …

နင့်ပါးကို မိတ်ရိုက်ပစ်မယ် ကောင်မ” “ဟဲ့ … နင့်တူမက

တစ္ဆေသရဲ့ မဟဲ့၊ မကောင်းဆိုးဝါးမ

ဟုတ်လား, မဟုတ်လား

သိချင်ရင် … ငါန လိုက်ခဲ့စမ်း၊

လက်ပူးလက်ကြပ်ကြီး ပြဦးမှာ ဟဲ့”

ပုစိန်ရဲ့ စကားကြောင့် မနှင်းမေဟာ

မခံမရပ်နိုင်စိတ်တွေ လှိုင်တက်သွားပြီး . “အေး … လိုက်ရဲတယ်၊

လိုက်ရဲတယ်ဟဲ့၊

မဟုတ်လို့ ကတော့ ညည်းပါး

 

အရောင် ကျဆေးလူးဖို့ ပြင်ထား၊ သွားစမ်း”

လို့ ပြောရင်း အိမ်ပေါ်က လွှားခနဲ

ခုန်ဆင်းလိုက်တယ်။

ပုစိန်လည်း ဇောက်ဇောက် ဇောက်ဇောက်နဲ့

ရှေ့ကထွက်သွားတယ်။

ပုစိန်တို့ရဲ့ တဲအိမ်လေးဆီရောက်တဲ့အခါ ကလေးငိုညည်းသံကို ကြားလိုက်ရတယ်။

ပုစိန်က ထောင်ထားတဲ့ ခြင်ထောင်ရဲ့ ကြိုး

တွေ ကို ဆောင့်ဆွဲဖြုတ်လိုက်ပြီး .

“ကြည့်စမ်း … ငါ့သမီးရဲ့ လက်ကို နင်ကြည့်စမ်း”

ပုစိန်ရဲ့ လက်ညှိုး ထိုးပြောတဲ့စကားကြောင့်

 

မနှင်းမေဟာ ကောင်မလေးရဲ့ လက်ကို ကြည့်လိုက်တယ်။

ကိုက်ရာကြီး။

အညိုအမည်းစွဲပြီး အကွင်းထနေတဲ့

မနှင်းမေ မျက်လုံးပြူး မိစဉ်မှာ ပဲ ပုစိန်က

“အဲဒါ … သူကြီးအိမ်မှာ

နင့်တူမ ကဝေမလေး

ကိုက်လိုက်တဲ့အရာပဲဟဲ့၊

ဆန်မန်းအုပ်လည်းမရဘူး၊

ဆေးလူးလည်းမပျောက်ဘူး၊

ငါ့သမီး တစ်ချိန်လုံး …

ညည်းမြင်တဲ့အတိုင်း ငိုညည်းနေတာ၊

ဒါဟာ …. စုန်းကိုက်တာပဲဟဲ့၊

 

ညည်းတူမ ..

စုန်းမလေး ကိုက်လိုက်တာ၊

ညည်းမြင်ပြီလား၊

ဟင်း … ဟင်း”

ခါးထောက်ရင်း မဲ့ရွဲ့ ပြောလာတယ်။

မနှင်းမေဟာ အံကြိတ်ရင်း

ခေါင်းခါယမ်းလိုက်မိတယ်။

“အိုအေ … ဒါ သွားဆိပ်တက်တာပဲ၊

အချိန်တန်ရင် ပျောက်သွားမှာ ပေါ့ဟဲ့၊

ဘာမဟုတ်တာလေးကို …

ဇာချဲ့ပြီး ပြောမနေနဲ့”

ပုစိန်ရဲ့ မီးတောက်မတတ်အကြည့်က

မနှင်းမေဆီ ရောက်သွားတယ်။

 

“ဘာ … ညည်း လူမဟုတ်ဘူးလား၊ ညည်းတူမ စုန်းမ, လုပ်လို့

ငါ့သမီးမှာ … ကိုယ်, ပူလိုက်ကျလိုက်နဲ့၊

နာကျင်လွန်းလို့ အော်ဟစ်နေရှာတာ၊

အမျိုး ယုတ်တဲ့ စုန်းမျိုး တွေ ”

တံတွေးကို ဖျစ်ခနဲထွေးပြီး ပြောလိုက်တဲ့

ပုစိန်ရဲ့ စကားက မနှင်းမေကို ဆတ်ဆတ်

တုန်သွားစေတယ်။

“ဘာ … အမျိုး ယုတ်လဲ၊

ဘာ … စုန်းမျိုး လဲ၊

ညည်းစကားကို ပြင်လိုက်စမ်း”

မနှင်းမေဟာ ဒေါသစိတ်နဲ့ ပုစိန်ရဲ့

ရင်ဘတ်ကို ဆောင့်တွန်းပြီး ပြောလိုက်တယ်။

 

“ဟင် … ညည်းက လက်ပါတယ်ပေါ့။ ပုစိန်ကို လာမစမ်းနဲ့ မီးပွင့်သွားမယ်၊

ကောင်မ … သေပေတော့”

ပုစိန်ဟာ ထိုသို့ ကြုံးဝါးပြီး မနှင်းမေကို

လုံးထွေးသတ်ပုတ်တော့တယ်။

စောစောစီးစီး ဖြစ်ပွားတဲ့ ရန်ပွဲကြောင့်

ဘေးအိမ်တွေ လန့်နိုးသလို သူကြီးဖိုး တုတ်ပါ

ရောက်လာတယ်။

သူကြီးဖိုးတုတ်က မနှင်းမေနဲ့ပုစိန်ကို ၎င်းရဲ့

ခြံဝိုင်းထဲ ဆွဲခေါ်သွားတယ်။

 

“ဒါက ဘယ်လို ဖြစ်ကြတာတုံး၊ စောစောစီးစီး … ငါ့ရွာကို

ပူအောင်လုပ်နေကြတယ်၊

ပြောကြစမ်း”

ပုစိန်က မျက်ရည်လည်ရွဲ

ထဘီစွန်တောင်ဆွဲဟန်နဲ့…

“ကျုပ်သမီး သေမလို ဖြစ်နေတာ

သူကြီး သိရဲ့ လား၊

အဲဒါ ….

တခြားလူကြောင့် မဟုတ်ဘူး၊

ဒင်းတူမ ကဝေမကြောင့် ဖြစ်တာ”

လို့ ခုနစ်သံချီပြောလိုက်တဲ့အခါ

သူကြီးဖိုးတုတ် မျက်မှော င်ကြုတ်သွားတယ်။

 

“ဟေ … မြရင်က ကလေးပဲရှိသေးတာ၊ ဘယ်လိုလုပ် ကဝေမ ဖြစ်ရမှာ တုံး၊

နင်တို့ စွတ်စွဲပြန်ပြီ”

ကျုပ်က စွပ်စွဲတာမဟုတ်ဘူး၊

မြရင် ဆိုတဲ့ ကလေးမက

မွေးရာပါ ဒီပညာတွေ

တတ်တာတော် ၊

ဒါကြောင့် … မီးတွင် းထဲမှာ ပဲ

သူမအေကို ပြန်စားလိုက်တာ၊

ခု … ကျုပ်သမီးလေး

သေမလို, ရှင်မလို ဖြစ်နေပြီ၊

ကဝေမလေးကိုက်လိုက်တဲ့ ဒဏ်ရာက၊

 

ဘာဆေးမှ မတိုးဘူးတော် ၊ ဆေးအမယ်တွေ စုံနေပြီရှင့်၊

သူကြီး သိရဲ့ လား”

ခဏကြာမှ ..

“နင်က အရပ်ဆေးနဲ့ကုတာကို

ပုစိန်ရဲ့ ၊

သိပ်တော် တဲ့ ဆေးဆရာခေါ် ကုရင်

နင့်သမီး သက်သာသွားနိုင်တာပဲဟ”

သူကြီးရဲ့ အပြောကို မနှင်းမေက

တုန်ယင်သံနဲ့ …

“အဲဒါပါပဲ သူကြီးရယ်၊

ကျုပ်တူမလေးက မီးတွင် းမှာ တည်းက

မိခင်သေဆုံးခဲ့ရရှာတယ်၊

 

ဘဝကံကြောင့် တူမလေးရဲ့ လက်ဟာ လက်ဝါးသုံးဖက် ပါခဲ့တာပါ၊

ဒါကို လူတွေ က ချဲ့ကားပြီး

ရွံရှာစက်ဆုပ်ချင်ကြတယ်၊

စုန်းယိုးချင်ကြတယ်၊

တူမလေးအတွက် ကျုပ်

စိတ်မကောင်းဘူးတော် ”

လို့ ပြောရင်း ဝမ်းပန်တနည်း

သူကြီးဖိုးတုတ်က သက်ပြင်းချမိရင်း ..

“…..

နှင်းမေလည်း တိတ်တော့၊

ငိုချလိုက်တယ်။

 

ပုစိန်ကလည်း စိတ်မပူနဲ့တော့၊

နင့်သမီးအတွက် …

ငါ့တပည့်တွေ လွှတ်ပြီး တစ်ဖက်ရွာက

အတော် ဆုံးဆေးဆရာ ခေါ်ပေးမယ်၊

ဒီအတွက် နင် ဆေးဖိုးဝါးခ

ကုန်ကျစရာမလိုဘူး၊

ငါ့အိတ်ထဲက စိုက်ပေးမယ်

ဟုတ်လား၊

ဘယ်လိုအကြောင်းမှ ငါ့ရွာမှာ

ရန် ဖြစ်တာ မကြိုက်ဘူး၊

ငါ့ရွာလေး အေးချမ်းတာပဲ လိုချင်တယ်၊

ကဲ … ကိုယ့်အိမ် ကိုယ်ပြန်ကြပေတော့၊

စိန်ရိုးနဲ့ တောက်ထိန်က တစ်ဖက်ရွာက ဆေးဆရာကို

ခု ချက်ချင်း သွားပင့်ခဲ့ကြ၊

လှည်းပြင်ကြစမ်း”

အခန်း (၇)

သူကြီးရဲ့ အစီအမံကောင်းမှု ကြောင့်

ပုစိန်တို့ရန်ပွဲ ပြီးသွားသလို ..

တစ်ဖက်ရွာက ဆေးဆရာကြီးလည်း

နေ့မွန်းလွဲချိန်လောက်မှာ ရောက်ရှိလာတယ်။

ဆေးဆရာကြီး ကြွလာတဲ့အတွက်

သူကြီးဖိုးတုတ်ကိုယ်ကိုင် ပုစိန်တို့ခြံဝိုင်းထဲ

ရောက်နေရတယ်။

ခေါင်းပေါင်းစတထောင်ထောင်နဲ့

ဆေးဆရာကြီးဟာ ဆေးလွယ်အိတ်ကြီး ဘေးချ ရင်း

ကောင်မလေးနဲ့ ဒဏ်ရာကို ကြည့်ရှုတယ်။

ခြစ်ခြစ်တောက်

ကိုယ်ပူနေတဲ့ကောင်မလေးကို စမ်းသပ်ပြီး

 

သွေးခုန်နှုန်းကို စမ်း ကြည့်ပြန်တယ်။

ပြီးတဲ့အခါ မျက်နှာမသာမယာဟန်နဲ့

သက်ပြင်းချရင်း

“ကလေးက အဖျားသိပ်ကြီးနေတယ်၊

လက်က အကိုက်ခံထားရတဲ့

ဒဏ်ရာကလည်း ခဲဆိပ်တက်သလို

လှိုက်စားနေပုံရတယ်ဗျ၊

ဒါကြောင့် အရှင်းပျောက်ကင်းဖို့

ကျုပ် ကတိမပေးနိုင်ဘူး၊

အစွမ်းထက်တဲ့ ဆေးတွေ တော့

လူးဆေးအနေနဲ့ရော၊

သောက်ဆေးအနေနဲ့ပါ၊

ကျုပ်ပေးခဲ့မယ်”

 

လို့ပြောတဲ့အခါ ပုစိန် တစ်ယောက် မျက်နှာအကြီးအကျယ် ပျက်သွားတော့တယ်။

“31 … 3128 …

ကျုပ် … ကျုပ်သမီးလေး …

အမယ်လေး .. ကိုယ်ကျိုး နည်းရချည်ရဲ့ အရပ်ကတို့ရဲ့ ၊

ငါ့သမီးလေး ရေတိမ်နည်းရချည်းရဲ့

အရပ်ကတို့ရဲ့ ၊

ငါ့သမီးလေး ရေတိမ်နစ်ရရှာတော့မယ်၊

အီး .. ဟီး … ဟီး”

“ဟဲ့ … ပုစိန်

ဆေးဆရာကိုလည်း အားနာပါဦးဟ”

 

နင့်အသံကြားပြီး ဆေးကုမယ့်သူတောင် လန့်သွားနိုင်တယ်၊

တိတ်စမ်း”

သူကြီးဖိုးတုတ်ရဲ့ ငေါက်ငမ်းသံကြောင့်

ပုစိန် တစ်ယောက် ကျိတ်ပြီးတော့ ရှိုက်ငိုနိုင် ရှာတယ်။

ဆေးဆရာကြီးက လိမ်းဆေးနဲ့ ဒဏ်ရာကို

လိမ်းပြီး အဝတ်စနဲ့ စည်းပေးသလို ..

62

သောက်ရမယ့် ဆေးအမယ်တွေ လည်း

ပေးလိုက် တယ်။

ခြေကြွခယူပြီး ဆေးဆရာကြီး

ပြန်သွားတဲ့အခါ ပုစိန်က …

“ဒါကြောင့် …

သူကြီးကို ကျုပ်ပြောတာပေါ့၊

 

ကျုပ်သမီးဟာ စုန်းကိုက်ခံရတာ ဆေးဆရာကြီးပြောတာ

ကြားတယ်မဟုတ်လား၊

အနာက ခဲဆိပ်တွေ ပျံ့နေတယ်တဲ့၊

အဲဒါ … ခဲဆိပ်မဟုတ်ဘူး၊

စုန်းဆိပ် … စုန်းဆိပ် သူကြီးရဲ့ ၊

အီး ..ဟီး … ဟီး … ဟီး”

လို့ ငိုယိုပြောပြန်တယ်။

“မဟုတ်သေးဘူး ပုစိန်၊

ငါ ကတော့ …

စုန်းဆိပ်လို့ မယူဆဘူး၊

သွားဆိပ်တက်လို့ နင့်သမီးဟာ

 

ဒဏ်ရာရှိန်နဲ့ ဖျားတယ်လို့ပဲ ထင်တယ်၊ ဆရာကြီးရဲ့ ဆေးတိုက်ရင်

ပျောက်သွားနိုင်ပါတယ်ဟာ၊

အယူမသီးစမ်းပါနဲ့၊

ကဲ … ငါလည်း အလုပ်ရှိသေးတယ်၊

ပြန်ပြီ”

သူကြီးဖိုးတုတ်ဟာ ထိုသို့ ပြောဆိုပြီး

ပုစိန်ရဲ့ ခြံဝိုင်းထဲက ပြန်ခဲ့တော့တယ်။

တစ်ယောက် စကား တစ်ယောက် နားနဲ့

ပုစိန်ရဲ့ သမီးကို ဆေးဆရာကြီးတောင် အာ မမှ

မခံရဲတဲ့သတင်းက ထန်းစုရွာလုံး ခဏချင်း

ပျံ့နှံ့သွားတယ်။

ဒီသတင်းဟာ ထန်းစုရွာလေးရဲ့

 

ထန်းတောအထိ ရောက်သွားတဲ့အခါ …

“တောက် … ဂြိုဟ်မလေးတော့

ငါ့သောက်ရှက်ကို ခွဲလိုက်ပြန်ပြီ၊

ခုချိန်ထိ မိဘကို

ဆိုးကျိုး ပဲပေးတဲ့ ဟာမလေး

ဒင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်”

ကိုသာရင် တစ်ယောက် ထန်းရည်ဝိုင်းက

အားယူကုန်းထလိုက်တယ်။

ခြေတစ်ဖက်ဆာနေတဲ့ ခြေထောက်နဲ့

ပုဆိုးမရင်း ထန်းတောထဲကနေ ယိုင်တိုင် တိုင်နဲ့

ထွက်သွားတော့တယ်။

စိုက်ထားတဲ့

၎င်းရဲ့ ခြံဝိုင်းထဲရောက်တဲ့အခါ ထင်းပုံမှာ

 

ဓားမကြီးကို ကောက်ဆွဲပြီး … “မြရင် … ဂြိုဟ်ကောင်မ၊

နင် ထွက်ခဲ့စမ်း”

ဖခင် ဖြစ်သူရဲ့ အသံကျယ်ကြီးကြောင့်

သောက်ရေအိုး ရေဖြည့်နေတဲ့ မြရင်လေး ဟာ ရေပုံးလွှတ်ချရင်း အကြီးအကျယ်

ထိတ်လန့်သွားရှာတယ်။

ဒါကြောင့် အဒေါ် ဖြစ်သူဆီ ပြေးသွားပြီး

အဒေါ်ရဲ့ နောက်မှာ ပုန်းအောင်းနေလိုက် တယ်။

အခြေအနေကို ရိပ်စားမိတဲ့ မနှင်းမေက …

“အစ်ကို … နင် ကလေးကို

ဘာပြဿ နာ ရှာဦးမလို့လဲ၊

နင် လွန်နေပြီနော်”

 

လို့ လှမ်းအော်လိုက်တယ်။

ကိုသာရင်က ဈေးဆိုင်လေးဘက်

ဓားမကြီးဝံ့ရင်း လျှောက်လာတယ်။

“ဟ .. ငါက လွန်တာ

မဟုတ်ဘူးကွ၊

ငါက ပြဿ နာရှာတာလည်း

မဟုတ်ဘူး၊

ဟိုဂြိုဟ်မ သောက်ပြဿ နာ

ရှာနေတာ၊ ရွာထဲမှာ ဘာတွေ ဖြစ်နေသလဲ

သိရဲ့ လား နှင်းမေ”

“ဘာသိမလဲတော် ၊

အချိန်တန်ရင် နင် အရည်မျိုဖို့

ငါ ဈေးထိုင်ရောင် းနေရတာ၊

 

နင့်လို ရွာရိုးကိုးပေါက် လေလွင့်နေတာ မဟုတ်ဘူးဟဲ့”

“အေး … နင်မသိရင်

ပြောပြမယ်၊

နင့်ဂြိုဟ်မ ကိုက်လို့

ပုစိန်သမီး ဒဏ်ရာရသွားတာ၊

တစ်ဖက်ရွာက ဆေးဆရာတောင်

မနိုင်ဘူးဆိုပဲ၊

ဂြိုဟ်မ … မကောင်းဆိုးဝါးမလေး၊

နင် လွှတ်လိုက်စမ်း၊

ဒင်းကို ငါသတ်လိုက်မှအေးမယ်၊

မအေကိုတောင် ပြန်စားတဲ့ ဂြိုဟ်မလေး၊

 

“မအေကိုတောင် ပြန်စားတဲ့ ဂြိုဟ်မလေး” … ဆိုတဲ့ စကားက မြရင်လေးကို အကြီး အကျယ် စိတ်ထိခိုက်သွားစေတယ်။

မြရင်လေးဟာ ပိုးပိုးပေါက်ပေါက်ကျလာတဲ့

မျက်ရည်တွေ နဲ့ အဒေါ်ရဲ့ နောက်က နေ .. “ဒေါ်ကြီးပုစိန်ရဲ့ ကလေးကို

သမီးကိုက်လိုက်တာ ဟုတ်ပါတယ် အဖေ၊

သမီးမှာ အပြစ်ရှိပါတယ်၊

အဖေ ကြိုက်သလို အပြစ်ပေးပါ၊

ဒါပေမဲ့ … မွေးမွေးပြီးချင်းပဲ

အမေက သေဆုံးသွားခဲ့ရတာ ပါ၊

သမီးက ဘာမှမသိဘဲ

သမီးကြောင့် အမေသေတယ်ဆိုတာ၊

 

ဖြစ်နိုင်ပါ့မလား အဖေရယ်၊ အဲဒီ လိုတော့ မပြောပါနဲ့နော်”

လို့ ကတုန်ကယင် သံနဲ့ ပြောလိုက်တယ်။

ကိုသာရင် တစ်ယောက် မြရင်လေးရဲ့ စကားကြောင့် ပိုမိုပေါက်ကွဲသွားတော့တယ်။

ကိုသာရင်

“သိပ်စကားတတ်နေလား မြရင်၊

လာခဲ့ … စကားတတ်တဲ့ နင်လျှာကို

ဖြတ်ပစ်မယ်၊

နှင်းမေ .. နင် လွှတ်လိုက်စမ်း”

ထန်ရည်ရှိန်နဲ့ ဒေါသငယ်ထိပ်ရောက်နေတဲ့

တစ်ယောက် အကြီးအကျယ်

ပေါက်ကွဲတော့တယ်။

 

မနှင်းမေဟာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ တူမ ဖြစ်သူရှေ့က ကာဆီးရင်း တားဆီး နေရှာတယ်။

*

အလွန်အကျွံ သောက်ထားတဲ့ ထန်းရည်ရှိန်ကြောင့် မုန်ယိုနေတဲ့ဆင်လို ဖြစ်နေတဲ့ ကိုသာရင်က မနှင်းမေရဲ့ လက်ကနေ မြရင်လေးကို အတင်းဝင်ဆွဲတော့တယ်။

မနှင်းမေ တစ်ယောက် ဘာလုပ်လို့

ဘာကိုင်ရမှန်းမသိအောင် ဖြစ်သွားပြီး ..

“လာကြပါဦး …

ဟောဒီမှာ ကိုသာရင်

 

လူသတ်ဖို့ ကြိုး စားနေပါတယ်၊ ကယ်ကြပါဦးတော် ”

လို့ ငယ်သံပါအောင် အော်ဟစ်လိုက်တယ်။

၎င်းတို့ခြံဝိုင်းရှေ့က ဖြတ်သွားတဲ့ ရွာသားတချို့ က မနှင်းမေရဲ့ အော်သံ ကြားသွား ပြီး သူကြီးဆီ သွားရောက်တိုင်တန်းကြကုန်တယ်။

သူကြီးဖိုးတုတ်က ရွာသားတွေ ရဲ့ စကားကြောင့် မျက်လုံးပြူး သွားပြီး ၎င်းရဲ့ လက်စွဲ တော် ဓားကြီးကို ကောက်ကိုင်လိုက်တယ်။

“တောက် …

သာရင်ဆိုတဲ့ကောင်က

ပါးစပ်ထဲ အရည်ဝင်ရင်

သိပ်သွေးဆိုးတာ၊

 

တွေ့ကြသေးတာပေါ့”

သူကြီးက ကြုံးဝါးရင်း ရွာစွန်ရှိ

သာရင့်အိမ်ကို အပြေးတစ်ပိုင်း သွားတယ်။

သူကြီးသွားတဲ့အတွက် ရွာသားတချို့ လည်း

နောက်က ပြေးလိုက်သွားကြတယ်။

“ဟေ့ကောင် သာရင် …

မင်း ဘာလုပ်နေတာလဲကွ”

သူကြီးဖိုးတုတ်အသံကြောင့်

ဆိုင်ခုံပေါ်တက်ပြီး သောက်ကျန်းနေတဲ့ သာရင်က

လက်တွန့်သွားတယ်။

သူကြီးကို ဆတ်ခနဲ လှည့်ကြည့်ရင်း

မထီမဲ့မြင်ဟန်နဲ့ .

“ကျုပ်သားသမီး ကျုပ်ဆုံးမတာ

 

သူကြီးနဲ့ မဆိုင်ဘူးဗျ”

လို့ အသံမာကြီးနဲ့ အော်ဟစ်လိုက်တယ်။

ထိုအချိန် မြရင်လေးဟာ သည်းသည်းလှုပ်

ငိုကြွေးနေသလို .

မနှင်းမေက ငိုသံကြီးနဲ့ ..

“ဆုံးမနေတာမဟုတ်ဘူး သူကြီးရဲ့ ၊

သူ ကျုပ်တူမလေးကို ဓားနဲ့

ခုတ်သတ်ဖို့ လုပ်နေတာ၊

ကယ်ပါဦး သူကြီးရယ်၊

ဟင့် … ဟင့်”

သူကြီးဖိုးတုတ်ဟာ

ထင်းခုတ်ဓားမကိုင်ထားတဲ့ သာရင့်ကိုကြည့်ပြီး

တက်တစ်ချက် ကို ပြင်းစွာ ခေါက်လိုက်တယ်။

 

“တောက် .. မင်းဟာ အတော် ကို ယုတ်ညံ့တဲ့ ဖအေပဲကွ၊

သားသမီး ကောင်းသည် ဖြစ်စေ,

ဆိုးသည် ဖြစ်စေ၊

မိဘဆိုတာ … သားသမီးကို

သတ်ဖြတ်လို့ မရဘူးကွ၊

မင်း .. အတော် ကို

သွေးဆိုးတဲ့ကောင်ပဲ၊

မင်းကို မှတ်လောက်အောင်

ပညာပေးမှ ဖြစ်တော့မယ်၊

ငါဆိုတဲ့ … သူကြီးဟာ ရွာကို

အေးချမ်းချင်တဲ့ သူကြီးကွ၊

 

ငါ့ရွာမှာ ဆူပူတာ လုံးဝမကြိုက်ဘူး၊ ဟေ့ ရွာသားတွေ … သာရင့်ကို

ဖမ်းချုပ်ခေါ်ခဲ့ကြစမ်း”

သူကြီးရဲ့ အမိန့်ကြောင့် ရွာသားတချို့ ဟာ

ကိုသာရင့်ကို လက်ပြန်ဖမ်းချုပ်လိုက်ကြ တယ်။ ကိုသာရင်ဟာ ရွာသားတွေ ရဲ့ လက်ကနေ မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်လိုက် တယ်။

“ဂြိုဟ်မ … နင့်ကို

ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊

ငါ ပြန်လာရင် …

ငါ့အကြောင်း သိရစေ့မယ်

တောက်”

 

အခန်း (၈)

မှော င်မိုက်တဲ့ ညတစ်ညမှာ မြရင်လေးဟာ အိမ်ရှေ့ ကပြင်လေးမှာ ထိုင်ပြီး သူမရဲ့ လက်ဖဝါးတွေ ကို ဖြန့်ကြည့်ရင်း ဝမ်းနည်းနေရှာတယ်။

“ငါ့ဘဝက ဘာလို့

ဒီလောက် ကံဆိုးရတာ လဲ၊

လူအားလုံးမှာ လက်ဖဝါးဆိုတာ

နှစ် ဖက်ပဲ ရှိကြတယ်၊

ငါ့ကျတော့ ဘယ်ဘက်လက်မှာ

လက်ဖဝါးအပိုကြီးတစ်ခု

ရှိနေတယ်၊

ငါဟာ တကယ့်ကို

 

ရွာကလူတွေ ပြောသလို မကောင်းဆိုးဝါး ဖြစ်နေပြီလား၊

ငါနဲ့ ရွယ်တူတွေ

ကျောင်းနေကြပေမယ့် ငါ့ကိုကျတော့

ကျောင်းက လက်မခံဘူး၊

အားလုံးက ငါ့ကို မကောင်းဆိုးဝါးလို့

သရဲလို, ရှောင်ရှားနေကြတယ်၊

ခုဆို … အဖေလည်း

ငါ့ကြောင့် သူကြီးအိမ်မှာ

ထိတ်တုံးခတ်ခံနေရရှာပြီ၊

ငါဟာ ဘယ်သူ့ကိုမှ

ကောင်းကျိုး မပေးတဲ့ ကလေး ဖြစ်နေပြီ၊

အရှင်ဘုရားရယ် …

 

ကျွန်မ ဘာလုပ်ရမလဲဆိုတာ လမ်းပြပေးပါဦးရှင်”

သူမဟာ ဟိုအဝေးမှာ လှမ်းမြင်ရတဲ့

ရှေးဟောင်းကျောက်ဆစ်ဘုရားကို လှမ်းမျှော် ဖူးရင်း မျက်ရည်ပေါက်ပေါက်ကျရကာ ရေရွတ်လိုက်တယ်။

မြရင် တစ်ယောက် သူမရဲ့

အရွယ်နဲ့မမျှအောင် ခံစားချက်ပြည့်နှက်နေတဲ့ဘဝကို

တွေးတောရင်း ..

ငိုရှိုက်ရင်းနဲ့ပဲ အိမ်ရှေ့ ကပြင်လေးမှာ

အိပ်ပျော်သွားရှာတယ်။

“မြရင် … မြရင်

ထ … ထစမ်းပါဦး၊

ရွာတောင်ပိုင်းက .

 

ဦးချက်ဆူရဲ့ ကြက်ခြံမှာ မီးလောင်နေတယ်၊

မြရင် … မြရင် …

∞……..”

နားထဲ ကျယ်လောင်စွာ

ကြားလိုက်ရတဲ့အသံကြောင့် မြရင်လေးဟာ အိပ်ရာက ဆတ်ခနဲ ထထိုင်လိုက်မိတယ်။

“ဟင် … တောင်ပိုင်းက ဦးချက်ဆူကြက်ခြံ

မီးလောင်းနေတယ်ဆိုပါလား၊

ဒါ … ဒါ … ငါ့ကို

ဘယ်သူလာပြောပါလိမ့်”

အတွေးနဲ့အတူ သူမဟာ ပတ်ဝန်းကျင် ဆီ

မျက်လုံးဝှေ့ကြည့်လိုက်မိတယ်။

 

အိမ်ပတ်ဝန်းကျင်တစ်ခုလုံး

အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေတယ်။

“ငါ … အိမ်မက်များ မက်နေတာလား၊

အို … ဘာပဲ ဖြစ် ဖြစ် …

တောင်ပိုင်းကို ငါ သွားကြည့်တာ

အကောင်းဆုံးပဲ၊

ဟုတ်တယ် … သွားကြည့်ရမယ်”

မြရင်ဟာ အတွေးနဲ့အတူ အဒေါ် ဖြစ်သူ

မနှင်းမေကို နှိုးပြီး ရွာတောင် ဘက် ပြေး

လွှားသွားခဲ့တော့တယ်။

မနှင်းမေလည်း တူမ ဖြစ်သူရဲ့ နှိုးမှု ကြောင့်

အိမ်ချင်စိတ်နဲ့ လိုက်ပါသွားခဲ့ရတယ်။

မြရင်လေးက ရွာတောင်ပိုင်း

 

မီးကင်းတဲရှေ့ရောက်တဲ့အခါ လယ်သမားတွေ ကိုနှိုး ပြီး သံချောင်းခေါက်စေတယ်။

“အာ … ဒီကလေးမ

အချိန်မတော် ကြီး ဘာတွေ

လာပြောနေတာလဲကွ၊

အိပ်ရေး ပျက်တယ်ကွာ၊ စိတ်ပျက်ဖို့ကောင်းတယ်”

ကင်းသမားရဲ့ ညည်းညူမှု ကြောင့်

မြရင်လေးဟာ ပိုမိုစိတ်ပူပန်သွားရရှာတယ်။

ဒါကြောင့် …

“ဒီမယ် … ဦးလေးကြီး

လူဆိုတာ မသေမချင်း

ဝအောင် အိပ်လို့ရပါတယ်၊

 

သေရင် မနိုးဘဲနဲ့တောင် အိပ်ရဦးမှာ ပါ၊

အရေး သိပ်ကြီးတဲ့အချိန်မှာ

အိပ်ရေး သိပ်မက်တာ

လူကောင်းတွေ ရဲ့ အလုပ်မဟုတ်ဘူး၊

ဦးချက်ဆူရဲ့ ကြက်ခြံ မီးလောင်နေပြီ၊

မီးကင်းစောင့်တဲ့ ဦးလေးတို့မှာ

တာဝန်ရှိနေတယ်”

ကင်းသမားဟာ မြရင်လေးရဲ့

အပြောကြောင့် အိပ်မှု န်စုံမွှားနဲ့ ..

“အာ … မီးလောင်တဲ့ အရိပ်အခြည်မှ

ဘာမှမတွေ့ရဘဲကွ၊

ငါတို့ ဘာမှလုပ်မပေးနိုင်ဘူး”

 

လို့ ပြောရင်း အဝေးဆီ

အကြည့်ရောက်သွားတယ်။

သန်းဝေနေတဲ့ ကင်းသမားဟာ

ကောင်းကင်ဆီ လှိမ့်တက်လာတဲ့ မီးခိုးလုံးကြီးကို

ကြည့်ရင်း မျက်လုံးပြူး သွားပြီး

“ဟာ … ဟုတ်တယ်ဟ၊

တောင်ပိုင်းမှာ မီးလောင်နေပြီ၊

ဟေ့ကောင် … သံချောင်း ခေါက်စမ်း၊

ခေါက်စမ်း”

လို့ အဖော် ဖြစ်သူကို ဆော်သြလိုက်တယ်။

သံချောင်းသံကြောင့် တစ်ရွာလုံး

လန့်နိုးကုန်သလို

ကင်းသမား တစ်ယောက် နဲ့ မြရင်တို့လည်း

 

မီးခိုးလှိုက်တက်တဲ့ နေရာဆီ အပြေး သွားကြတယ်။

“8:4. … 8: … 8:1

ဦးချက်ဆူရဲ့ ကြက်ခြံ

မီးလောင်နေပြီဗျ ၊

ငြိမ်းကြပါဦးဗျ၊

8:… 8

မီး … မီး … မီး”

8:

ဆိုတဲ့အသံတွေ ထန်းစုရွာတစ်ရွာလုံး

ပွက်လောရိုက်သွားတော့တယ်။

ကြက်ခြံတစ်ခုလုံး

မီးဟုန်းဟုန်းတောက်လောင်နေပေပြီ။

မြရင်လေးဟာ မီးတောက်နေတဲ့

ကြက်ခြံကိုကြည့်ပြီး တစ်စုံတစ်ရာကို အရမ်းစိုးရိမ်

သွားတယ်။

 

ထိုအချိန် …

ရွာသားတွေ ဟာ ရေပုံးကြီး၊ ရေပုံးငယ်တွေ

နဲ့ မီးငြှိမ်းသတ်ဖို့ ကြိုး စားနေကြတယ်။

မြရင်လေးဟာ အဒေါ် ဖြစ်သူရဲ့ လက်ကို

လွှတ်ချလိုက်ရင်း မီးစွဲနေတဲ့ ကြက်ခြံထဲကို တစ်ရှိန်ထိုး ပြေးဝင်သွားတော့တယ်။

“ဟင် … ဘာလုပ်တာလဲ၊

အမယ်လေး ငါ့တူမလေး

မီးထဲဝင်သွားပြီ၊

လုပ်ကြပါဦးတော် ”

,,

မနှင်းမေဟာ အသံကုန် အော်ဟစ်ရင်း

ဘာလုပ်ရမှန်း မသိ ဖြစ်သွားရတယ်။

ရွာသားအားလုံး မီးငြိမ်းဖို့အတွက်

 

ဇောကပ်နေတာကြောင့် မနှင်းမေရဲ့ အသံကို မ

ကြားကြဘူး။

ထိုအချိန် …

မီးစွဲနေတဲ့ ကြက်ခြံထဲမှာ တော့

မြရင်လေးဟာ မီးစတွေ ကို ရှောင်ရှားရင်း ကြက် တွေ လှောင်ထားတဲ့ စည်းရိုးတံခါးကို ဖွင့်လိုက်တယ်။

ပူလောင်တဲ့မီးအရှိန်နဲ့ မီးခိုးနံ့ကြောင့် ကြက်တွေ ဟာ တစာစာအော်မြည် နေကြ တယ်။

တံခါးဖွင့်ပေးလိုက် တာနဲ့ ကြက်အားလုံး

အလုအယက် ပြေးထွက်ကုန်ကြတယ်။

မြရင်လေးဟာ မီးစွဲနည်းတဲ့

အပေါက်ဘက်ကနေ ကြက်တွေ ကို အပြင်ရောက်

အောင် မောင်းထုတ်ပေးလိုက် တယ်။

ကြက်တချို့ ဟာ ကြောက်လန့်တကြီး

 

ပြေးလွှားရင်း မီးဟပ်ကာ သေဆုံးကုန်ကြ တယ်။

ရွာသားတွေ ရဲ့ လုံ့လကြောင့် မီးစွယ်ကျိုး

သွားချိန်မျာ တော့ ..

“ကျုပ်တူမလေးကို ရှာပေးကြပါဦး၊

ကျုပ်တူမလေး ကြက်ခြံထဲမှာ ၊

ကယ်ကြပါဦးတော် ”

မနှင်းမေရဲ့ ငိုသံကြီးနဲ့ အော်သံကို

ရွာသားတွေ သတိပြုမိသွားကြတယ်။

ဒါပေမဲ့ .

“သူ့ တူမက သရဲမလေးပဲ၊

တစ်ရွာလုံး အမေကိုစားတဲ့

သမီးလို့ မှတ်ထားကြတာ၊

မကောင်းဆိုးဝါးမလေး

 

မီးလောင်သေလည်း ရွာအတွက် နိမိတ်ကောင်းသွားတာပေါ့”

ဆိုတဲ့ အတွေးနဲ့ မနှင်းမေရဲ့ အသံကို

မသိကျိုး ကျွန်ပြုနေကြတယ်။

“ဟာ … ငါ့ကြက်တွေ

ငါ့ကြက်တွေ ထွက်လာပြီ၊

ငါ့ကြက်တွေ မသေဘူးဟ”

ခြံပိုင်ရှင် ဦးချက်ဆူရဲ့ အသံကြောင့် အားလုံးရဲ့ အကြည့်က စီတန်းထွက်လာတဲ့ ကြက်တွေ ဆီ ရောက်သွားကုန်တယ်။

“ဟုတ်တယ်ဟ၊

ဒီလောက် မီးညွန့်ကြီးတာတောင်

ကြက်တွေ ဘာမှမ ဖြစ်ပါလား၊

 

အံ့သြစရာပဲဟ”

ရွာသားတွေ ရဲ့ စကားကြောင့် မနှင်းမေဟာ

ပိုမိုပေါက်ကွဲသွားပြီး ..

“နင်တို့ ဘာအချိုး

ချိုး နေကြတာလဲဟင်၊

ကြက်တစ်ကောင်လောက်တောင်

လူ တစ်ယောက် က

တန်ဖိုးမရှိတော့ဘူးလား၊

အဲဒီ ကြက်ခြံထဲမှာ

ငါ့တူမလေး ရှိနေတယ်၊

လူ တစ်ယောက် မီးထဲဝင်သွားတာ

ဘယ်သူမှ သောက်ဂရုမစိုက်ကြဘူး၊

မြရင်လေး တစ်ခုခု ဖြစ်လို့ ကတော့

 

နင်တို့အားလုံးကို ငါ ခွင့်မလွှတ်ဘူး” လို့ ဒေါသတကြီး ကြုံးဝါးလိုက်တယ်။

ဒီအချိန်မှာ ပဲ လူအားလုံးရဲ့ အကြည့်က မီးခိုးငွေ့တလူလူရှိနေသေးတဲ့ ကြက်ခြံဆီ အကြည့်ရောက်သွားကုန်တယ်။

“ဘာလို့ စိတ်ပူနေတာလဲ ဒေါ်လေး၊

ကျွန်မ ဘာမှမ ဖြစ်ပါဘူး”

ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့်

မနှင်းမေ တစ်ယောက် ဆတ်ခနဲ တုန် သွားမိတယ်။

ကြည့်လိုက်တော့

မီးလောင်ပြင်ကြက်ခြံထဲက မြရင်လေး။

သူမဟာ မြရင်လေးကို ပြေးဖက်လိုက်ရင်း ..

“တူမလေးရယ် …

 

ဘာလို့မကြံကောင်းမစည်ရာတွေ

လုပ်ရတာ လဲ၊

တူမလေး တစ်ခုခု ဖြစ်သွားခဲ့ရင်

ဒေါ်လေး ရင်ကွဲရချည်ရဲ့ ကွယ်၊

ဟင့် … ဟင့် … ဟင့်”

လို့ ဝမ်းသာမျက်ရည်စတွေ နဲ့

ငိုကြွေးလိုက်တော့တယ်။

“လောကမှာ စိတ်ထားကောင်းရင်

ကံကောင်းတယ်မဟုတ်လား

ဒေါ်လေးရဲ့ ၊

ကျွန်မ ဘာမကောင်းတာမှ

မလုပ်ဘူးလေ၊ ဒါကြောင့် …

 

ဘာအန္တရာယ်မှ မ ဖြစ်တာပေါ့”

မြရင်လေးဟာ မနှင်းမေရဲ့ ပါးပြင်က

မျက်ရည်တွေ ကို သုတ်ပေးလိုက် တယ်။

ကြက်ခြံပိုင်ရှင် ဦးချက်ဆူက မြရင်ရှိရာ

လျှောက်လာရင်း …

“ကျေးဇူးကြီးလှပါတယ် ကလေးရယ်၊

မင်းဟာ ဘယ်သူမှမလုပ်နိုင်တဲ့

အလုပ်ကို လုပ်နိုင်ခဲ့တယ်၊

မင်းကြောင့် ငါ့ရဲ့ ကြက်လေးတွေ

လွတ်မြောက်လာရတယ်၊

ငါဟာ ကြက်တွေ ကို

သားသမီးလို ချစ်မြတ်နိုးလို့

ခုလို မွေးမြူထားတာပါ၊

 

တိရစ္ဆာန်တွေ အပေါ်မှာ တောင်

မေတ္တာထားပြီး ကိုယ့်အသက်ကို

မငဲ့တဲ့ ကလေး တစ်ယောက် ဟာ

ဘယ်လိုမှ မကောင်းဆိုးဝါး

မ ဖြစ်နိုင်ဘူး၊

မင်းဟာ သူတော် ကောင်းမလေးဆိုတာ

ဦးလေးချက်ဆူ ယုံ သွားပါပြီကွယ်”

လို့ ပြေလာတယ်။

ဦးချက်ဆူရဲ့ စကားကြောင့် ရွာသားတွေ

ဟာ မျက်နှာရှုံ့ မဲ့သွားပြီး လက်မခံနိုင်ပုံနဲ့

လှည့်ပြန်သွားကြတယ်။

 

အခန်း (၉)

မနှင်းမေ တစ်ယောက် အိမ်ဆိုင်လေးမှာ

ဈေးရောင် းနေရာက …

“တူမလေးရေ …

အားရင် ဒေါ်လေးကို

ဘုရားတင်ဖို့ ပန်းချိုး ပေးပါလား၊

တောစပ်မှာ သပြေငုတ်တွေ

ပေါက်နေတာ ….

ဒေါ်လေး မြင်ခဲ့တယ်”

လို့ လှမ်းပြောလိုက်တယ်။

အဒေါ် ဖြစ်သူရဲ့ အသံကြောင့် မြရင်လေးဟာ မီးဖိုချောင်က ထွက်လာတယ်။

 

“ဟုတ်ကဲ့ ဒေါ်လေး

ကျွန်မ သွားချိုး ပေးပါ့မယ်၊

မီးဖိုထဲမှာ

ကြက်သွန်နီနွှာထားပေးတယ်၊

ငရုတ်တစ်ဆုံလည်း ထောင်းထားပြီးပြီ

ဒေါ်လေး”

မြရင်လေးရဲ့ စကားကြောင့် မနှင်းမေဟာ

ကျေနပ်ပီတိ ဖြာသွားရတယ်။

အရွယ်နဲ့မလိုက်အောင် လိမ္မာရေး ခြားရှိပြီး

အိမ်ကို ဝိုင်းဝန်းကူပေးတဲ့ ကလေး။

မြရင်ဟာ ပြောဆိုရင်း ဖိနပ်စီးပြီး

တောစပ်ဘက် ထွက်သွားတယ်။

အဝေးမှာ လှမ်းမြင်နေရတဲ့ ကျောက်ဆစ်ဘုရားကြီးကို လက်အုပ်ချီ ဖူးမြော်ရင်း

 

တောစပ်ဘက် တရွေ့ရွေ့ ရွေ့

လျှောက်ခဲ့တော့တယ်။

တောစပ်ရှိ တောင်ကုန်းကြီးပေါ် တက်ခါနီး

မှာ တော့ ရွာသူရွာသားတချို့ ကို တွေ့ လိုက်ရတယ်။

သတို့ဟာ ကျောက်တုံးအပိုင်းအစတွေ ကို

ထုခွဲနေကြတယ်။

မြရင်ဟာ သူတို့ကို လှမ်းကြည့်ရင်း

ကုန်းပေါ်တက်ခဲ့မိတယ်။

မြရင်ဟာ တောစပ်မှာ ပေါက်နေတဲ့

သပြေငုတ်များ ကိုင်ပြီး တောင်ကုန်အတိုင်း

သပြေငုတ်တွေ ကို တူးယူလိုက်တယ်။

ဆင်းဖို့ ပြင်တဲ့အခါမှာ တော့ မထင်မှတ် တဲ့အ ဖြစ်နဲ့ ကြု

လိုက်ရတယ်။

မြေပြင်တစ်ခုလုံး စက္ကန့်ပိုင်းအတွင် းမှာ ပဲ

သိမ့်ခနဲ ခါယမ်းသွားတယ်။

 

“ဟင် … ဒါ ငလျင်လှုပ်တာပဲ၊ ငါ … မြေပေါ် အမြန်ဝပ်နေမှ”

မြရင်လေးဟာ ကြားဖူးနားဝစကားနဲ့ မြေကြီးပေါ် ဝမ်းလျားမှော က်ချလိုက်တယ်။

မြေပြင်တစ်ခုလုံး သုံးမိနစ်လောက် လှုပ်ခတ်ပြီးချိန်မှာ တော့ ငြိမ်သက်သွားတယ်။

မြရင်လေးဟာ ဝပ်နေရာက ထရပ်လိုက်ရင်း

တစ်နေရာဆီ အကြည့်ရောက်သွား တယ်။

ဒီအခါမှာ ကုန်းရဲ့ ထိပ်မှာ ရှိတဲ့ ကျောက်တုံးကြီးတစ်တုံးဟာ တဆတ်ဆတ်လှုပ်ယမ်း နေတာ တွေ့မြင်လိုက်ရတယ်။

သူမရင်ထဲ ပူလောင်သွားပြီး ကုန်းထိပ်ကို

အသည်းအသန် ပြေးလွှားသွားမိတယ်။

 

ကုန်းရဲ့ အောက်မှာ

ကျောက်ထုခွဲနေတဲ့လူတွေ ရှိသည်မဟုတ်ပါလား။

ဒါ့ကြောင့် …

“ဦးလေးတို့ … ဦးလေးတို့ ..

အမြန်ဆုံး ဘေးဖယ်လိုက်ပါ၊

ကျောက်တုံးကြီး ကျတော့မယ်၊

လို အသံကုန် အော်ဟစ်လိုက်တယ်

ကျောက်ထုသူတွေ ဟာ သူမရဲ့

အော်သံကြောင့် ကုန်းပေါ်ကို မော့ကြည့်ကုန်ကြ တယ်။

“ဟာ … ကျောက်တုံးကြီး

ငါတို့ပေါ် ပြုတ်ကျတော့မယ်၊

ပြုတ်ကျတော့မယ်ဟ၊

@g: … g:”

 

ကျောက်ထုသမားအားလုံး အော်ဟစ်သံတွေ နဲ့ နီးစပ်ရာကို ပြေးလွှားကုန်ကြတယ်။

ဒီအချိန်မှာ ပဲ ကျောက်တုံးကြီးဟာ

ကုန်းထက်ကနေ တစ်လိမ့်ပြီးတစ်လိမ့် လိမ့်ဆင်း

လာတော့တယ်။

“အမယ်လေး …

ကျောက်တုံးကြီး ကျလာပြီတော် ”

ကံကောင်းထောက်မစွာ ပဲ

ကျောက်ထုတဲ့လူအားလုံး ကျောက်တုံးကြီးရဲ့ အန္တရာယ်

ကနေ ရှောင်ရှားနိုင်လိုက်ကြတယ်။

မြရင်လေး

တောင်ကုန်အောက်ရောက်တဲ့အခါမှာ တော့

“ကျေးဇူးတင်လိုက်တာ မြရင်ရယ်၊

 

နင်သာ ကြိုမပြောထားရင် ငါတို့ရဲ့ အသက်ဟာ

တွေးတောင် မတွေးဝံ့ပါဘူး၊

နင့်ကို ဘယ်လိုကျေးဇူးဆပ်ရမှန်းတောင်

မသိပါဘူးဟာ”

ရွာသူရွာသားတွေ ရဲ့

ဝိုင်းပြောတဲ့စကားကြောင့် ကုန်းပေါ်က ဆင်းလာတဲ့ မြင်ရင် လေးက …

“ကျေးဇူးဆပ်စရာမလိုပါဘူး …

ဦးလေးတို့၊ အဒေါ်တို့ရယ်၊

ကျွန်မ လုပ်ပေးနိုင်သလောက်

ကူညီပေးတာပါ၊

ကျွန်မအတွက် ဘာမှမလိုအပ်ပါဘူး၊

 

ဘုရားပန်းလာချိုး တာလေ၊ ဒေါ်လေး စိတ်ပူမှာ စိုးလို့

ပြန်တော့မယ်နော်”

လို့ ပြောဆိုပြီး ရွာစပ်ဘက်

လျှောက်ခဲ့မိတယ်။

“အမယ်လေးတော် … ကယ်ကြပါဦး အရပ်ကတို့ရဲ့ ၊

ငါ့သမီး ပုလဲစိန်လေး အသက်မရှိတော့ဘူး၊

ကယ်ကြပါဦးတော် ၊

ဟီး … ဟီး … ဟီး”

 

 

မပုစိန်ရဲ့ ငယ်သံပါမတတ် ငိုယိုသံက

ထန်းစုရွာရဲ့ ညအလှကို ဖျက်ဆီးပစ်လိုက် တယ်။

ပုတီးစိပ်နေတဲ့

သူကြီးဖိုးတုတ်ဟာ

ရပ်သွားရင်း တပည့်တွေ ကို လှမ်းမေးလိုက် တယ်။

“ဘယ်က အသံကြီးလဲကွ၊

ပုတီးစိပ်ရတာ အာရုံနောက်လိုက်တာ”

“မသိဘူး သူကြီး၊

ကြားတော့ ကြားလိုက်တယ်၊

သေချာအောင် သွားစုံစမ်းကြည့်မယ်

သူကြီး”

တပည့်တွေ က ထိုသို့ ပြောပြီး အိမ်အောက်ဆင်းသွားတယ်။

သူကြီးဖိုးတုတ်လည်း ဆက်ပြီး

 

ပုတီးစိပ်နေလိုက်တယ်။

သူကြီးဖိုးတုတ် ပုတီးစိပ်ပြီးချိန်မှာ ပဲ …

“ဘယ်မလဲ သူကြီးစုတ်၊

ဟင် … ပြောတော့

ဆေးဆရာကောင်းရင် ဘာမှမ ဖြစ်ပါဘူးဆို၊

ခု … ငါ့သမီး သေပြီ၊

နင် ဘာလုပ်ပေးနိုင်လို့လဲ

သူကြီးစုတ်ရဲ့ ၊

ဘာမဟုတ်တဲ့ မကောင်းဆိုးဝါးမဘက်ကိုလိုက်တဲ့

သူကြီး၊ လုံးဝမကျေနပ်ဘူးတော် ”

ခုနစ်သံချီအော်ဟစ်လိုက်တဲ့အသံကြောင့်

သူကြီးဖိုးတုတ် တစ်ယောက် ဆတ်ခနဲ

 

တုန်သွားမိတယ်။

“ဟာ … ဒါ … ပုစိန်အသံပဲ၊

ဘာတွေ များ ဖြစ်ကုန်ပါလိမ့်”

သူကြီးဖိုးတုတ်ဟာ အတွေးနဲ့အတူ

အိမ်အောက်ကို အလျင်အမြန်ဆင်းခဲ့တယ်။

ထဘီစွန်တောင်ဆွဲပြီး ငိုကြီးချက်မ

ဖြစ်နေရှာတဲ့ ပုစိန်

နင်က ဘာ ဖြစ်နေတာလဲ”

သူကြီးဖိုးတုတ်ရဲ့ အမေးကြောင့် ပုစိန်ဟာ

ရင်ဘက်စည်တီးလိုက်ရင်း …

“အမယ်လေး … မေးရက်လိုက်တဲ့ သူကြီး၊

ကျုပ် ဘာ ဖြစ်နေလဲတဲ့၊

 

ကျုပ်သမီး သေပြီတော်၊ ဘယ်လိုမှ ခေါ်မရတော့ဘူး၊

သရဲမ, ကိုက်ခံရလို့ ကျုပ်သမီးလေး

ပုလဲစိန် သေရတာ ၊

အဲဒါ သူကြီး သိရဲ့ လားတော် ၊

ဟီး… ဟီး … ဟီး”

လို့ အော်ဟစ်ငိုယိုလိုက်တယ်။

“ဘာ … နင့်သမီး သေပြီ၊

ဟုတ်လား၊ ကြားရတာ .

ငါ မယုံနိုင်အောင် ဖြစ်မိတယ် ပုစိန်၊

ဘယ်အချိန်က ဆုံးတာလဲ”

“ဘယ်အချိန်က ဆုံးရမှာ လဲတော် ၊

 

နာရီပြန်နှစ် ချက်တီးချိန်တည်းက ဆုံးခဲ့တာ၊ အဲဒါ ..

သရဲမလေးက အသက်နှုတ်သွားတာ

သိရဲ့ လား”

ပုစိန်ဟာ ထိုသို့ ပြောပြီး ချ

ပွဲချငိုကြွေးပြန်တယ်။

သူကြီးဖိုးတုတ် တစ်ယောက် ကြံရာမရ

ဖြစ်သွားပြီး …

“ဒါ … ဒါဆို … တကယ်ပဲ …

မြရင်လေးက မကောင်းဆိုးဝါး

ဖြစ်နေပြီပေါ့၊

ဟင် .. ဟုတ်လား”

လို့ မေးလိုက်တယ်။

 

“အီး … ဟီး … ဟီး၊

မေးရက်လိုက်တာ သူကြီးရယ်၊

မြွေကိုက်ပါတယ်ဆိုမှ အပေါက်လေးနဲ့လား

ဆိုသလို ဖြစ်နေပြီ၊

သိပ်သေချာတာပေါ့ရှင်၊

ကျုပ်သမီးကို သရဲမလေးမြရင် အသက်နှုတ်သွားတာ၊

ကျုပ်သမီး အသက်ထွက်ချိန်မှာ

မြရင်ကိုက်ထားတဲ့ဒဏ်ရာကြီးက

ညိုမည်းပြီး ဖောင်းကြွနေတာတော် ၊

ဟီး …ဟီး …ဟီး”

ပုစိန်ရဲ့ ငိုကြီးချက်မစကားကြောင့်

သူကြီးဖိုးတုတ်က ဘာလုပ်ရမှန်းမသိအောင်

 

ဖြစ်သွားတယ်။

ဒီအချိန်မှာ ပဲ သူကြီးရဲ့ ခြံဝိုင်းထဲ

ရွာသားတွေ စုပြုံရောက်ရှိလာတယ်။

“ဒါကို ကျုပ်တို့ လက်မခံဘူး

သူကြီး၊ မြရင်လေးဟာ … မကောင်းဆိုးဝါးမဟုတ်ဘူး၊

ဘာကြောင့် လဲဆိုတော့ …

လူအများ ကြီးရဲ့ အသက်ကို၊

ဒီကလေးမလေးက ကယ်တင်ခဲ့တာ”

လို့ ပြောလိုက်တဲ့အခါ သူကြီးဖိုးတုတ်ဟာ

“ဟင်” ခနဲ ဖြစ်သွားတယ်။

ရွာသားတွေ က သူတို့ ကျောက်ထုရင်း ကျောက်တုံးကြီးရဲ့ အန္တရာယ်ကနေ မြရင် လေး

 

အော်ဟစ်သတိပေးလို့

အသက်ချမ်းသာရတဲ့အကြောင်းကို အသေအချာ

ရှင်းလင်းပြ လိုက်တယ်။

“လယ်လို ဖြစ်နိုင်မှာလဲ၊

ဒါ လုံးဝမဟုတ်ဘူး သူကြီး၊

သူတို့အားလုံး လိမ်နေတာ၊

မြရင်က သရဲမပဲ၊

သူကြီး သိတယ်မဟုတ်လား၊

မီးတွင် းမှာ တောင် … သူက

သူ့မအေကို ပြန်စားခဲ့လို့

မြမြ သေဆုံးခဲ့ရတာ ၊

သူတို့ပြောတာ လုံးဝမဟုတ်ဘူး၊

ကျုပ်ပြောတာ ယုံ သူကြီး”

 

သူကြီးဖိုးတုတ်ဟာ ရွာသားတချို့ နဲ့ ပုစိန်ရဲ့ စကားကြောင့် အကြံအိုက်သွားတယ်။

ဒါကြောင့် …

“နင်တို့အားလုံး တိတ်စမ်း၊

ရွာသားတွေ ရဲ့ စကားကို

ငါ လက်ခံသလို၊

ပုစိန်ရဲ့ စကားကိုလည်း

ငါလက်ခံတယ်၊

ဒါကြောင့် …

ပုစိန်လေးရဲ့ အလောင်းကို

ဆေးဆရာနဲ့ ငါကိုယ်တိုင် စစ်ဆေးမယ်၊

ဒါပဲ”

 

အခန်း (၁ဝ)

သူကြီးဖိုးတုတ်ရဲ့ အစီအမံကြောင့် ဆေးဆရာကြီးဟာ ပုလဲစိန်လေးရဲ့ ရုပ် လောင်းကို

စမ်းသပ်ကြည့်ရှုလိုက်တယ်။

“ဒီကလေးဟာ ကိုယ်ပူရှိန်သိပ်ပြင်းပြီး

သေဆုံးခဲ့ရတယ် သူကြီး၊

ဒါဟာ …

သာမန် ဖြစ်ရိုး ဖြစ်စဉ်ကိစ္စပါ၊

သိပ်ကို ရိုးရှင်းလွန်းပါတယ်”

ဆေးဆရာကြီးရဲ့ အပြောကြောင့် မပုစိန်

မျက်နှာပျက်သွားသလို သူကြီးဖိုးတုတ် တစ်ယောက်

အပြုံးရိပ်လွှမ်းသွားမိတယ်။

“ကဲ … နင်ကြားတဲ့အတိုင်းပဲ ပုစိန်၊

 

နင့်သမီး သေဆုံးရခြင်းဟာ …

ဘာပယောဂမှမပါဘူး၊

အပူသိပ်ပြင်းသွားလို့

အသက်ပါသွားရတာ ပါ၊

ဒီအချိန်မှာ … နင်သိသင့်ပြီ၊

ငါမှားသလား၊

နင် လွန်သလားဆိုတာ”

သူကြီးဖိုးတုတ်ရဲ့ အပြောကြောင့်

မြရင်လေးကို ရိုးမယ်ဖွဲ့ နေတဲ့ မပုစိန်က ဘာမှမ

ပြောနိုင်အောင် ဖြစ်သွားတယ်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး၊

ဆရာကြီးကို ကျုပ်က ခြေကြွခ,အပြင်၊

ပူဇော်ခပါ ထပ်ပေးပါရစေ၊

 

လက်ခံပေးပါ ဆရာကြီး”

သူကြီးက ဆေးဆရာကြီးကို ခြေကြွခရဲ့ နှစ် ဆငွေကိုပေးရင်း ကန်တော့လိုက်တယ်။

ဆေးဆရာကြီးလည်း ကျေနပ်အားရဟန်နဲ့

ငွေကိုလက်ခံယူပြီး ဆေးလွယ်အိတ်ကြီး ကို ကောက်လွယ်ထွက်သွားတယ်။

ဒီအခါမှာ ရွာသူရွာသားတချို့ က …

“ကျုပ်တို့ ပြောခဲ့တယ် မဟုတ်လား

သူကြီး၊

အများ ရဲ့ အသက်ကို ကယ်တင်တဲ့သူဟာ

သူယုတ်မာ လုံးဝမ ဖြစ်နိုင်ဘူး၊

ကျုပ်တို့အားလုံးရဲ့ အသက်ကျေးဇူးရှင်ဟာ

မြရင်ဆိုတဲ့ ကလေးပဲ၊

 

လောကမှာ တရားကို နတ်စောင့်ပါတယ် သူကြီး”

လို့ ဝိုင်းပြောကုန်ကြတယ်။

ထိုအချိန် မြရင်လေးဟာ အဒေါ် ဖြစ်သူကို

ဝိုင်းကူပြီတဲ့အတွက် ကျောက်ဆစ်ဘုရား ကြီးဘက်

ထွက်ခဲ့မိတယ်။

ညနေစောင်းအချိန် ဖြစ်တာမို့

ကျောက်ဆစ်ဘုရားကြီးရဲ့ ပရဝဏ်တစ်ခုလုံး တိတ်

ဆိတ်အေးချမ်းနေတယ်။

မြရင်လေးဟာ ကျောက်ဆစ်ဘုရားကြီးကို

ဦးချကန်တော့လိုက်တယ်။

ဘုရားကန်တော့နေစဉ်မှာ ပဲ

ဘုရားပေါ်တက်လာတဲ့ လူရိပ်တွေ ကို တွေ့လိုက်ရ

တယ်။

 

ဒါကြောင့် … လှည့်ကြည့်လိုက်တဲ့အခါ လူကြီးသုံးယောက် ကို တွေ့ရတယ်။

နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေ နဲ့

အမာရွတ်ကြီးရဲ့ မျက်နှာကိုကြည့်ပြီး သူမ သိပ်

ကြောက်သွားမိတယ်။

ထိုလူကြီးသုံးယောက် ဟာ

ဂနာမငြိမ်တဲ့မျက်လုံးတွေ နဲ့ ကျောက်ဆစ်ဘုရားကြီးကို

ကြည့်ရှုနေကြတယ်။

၎င်းတို့ဟာ မြရင်လေးကို ဂရုမပြုဘဲ

တီးတိုးစကားဆိုနေကြတယ်။

မြရင်လေးဟာ

မျက်နှာပေါက်ဆိုးတဲ့လူကြီးကို ကြောက်ရွံ့တဲ့အတွက် ဆက်မနေဝံ့ တော့ဘဲ ပြန်ခဲ့တော့တယ်။

 

ည … ဆယ့်တစ်နာရီခန့်အချိန် ထန်းစုရွာလေးဟာ …

ထိန်ထိန်သာနေတဲ့လရောင် အောက်

ငြိမ်သက်စွာ အိပ်မောကျနေရှာတယ်။

မြရင်လေးလည်း အဒေါ် ဖြစ်သူ

မနှင်းမေကိုဖက်ရင်း အိပ်ပျော်နေရှာတယ်။

အိပ်ပျော်နေတဲ့ မြရင်ရဲ့ အာရုံထဲ သူမဟာ

ရှေးဟောင်းကျောက်ဆစ်ဘုရားကြီးဆီ

ရောက်သွားတယ်။

သူမဟာ ဘုရားကြီးရဲ့ ပရဝဏ်မှာ

လမ်းလျှောက်နေရင်း ရုတ်တရက်ဆိုသလို

ကျောက်ဆစ်ဘုရားကြီးဟာ သိမ့်ခနဲ တုန်ခါသွားတယ်။

 

သူမ ဘုရားကြီးရဲ့ မျက်နှာတော် ကို ငေးစိုက်ကြည့်ချိန်နေမှာ ပဲ ဘုရားကြီးရဲ့ မျက်လုံး တော် ကနေ မျက်ရည်တွေ ယိုစီးကျလာတယ်။

သူမဟာ ထိုမြင်ကွင်းကြောင့်

အံ့အားသင့်သွားမိတယ်။

ဒီအချိန်မှာ ပဲ …

ကျောက်ဆစ်ဘုရားကြီးဆီ ထုနှက်သံလို

အသံတွေ ကြားလိုက်ရတယ်။

မြရင်ဟာ ကျောက်ဆစ်ဘုရားကြီးဆီ

တရွေ့ရွေ့ ချဉ်း ကပ်သွားမိတယ်။

အသံက ဘုရားရဲ့ အနောက်ဘက်က

ကြားနေရတာ ။

ဒါကြောင့် …

 

သူမ ဘုရားကြီးရဲ့ မျက်နှာတော် ကို ငေးစိုက်ကြည့်ချိန်နေမှာ ပဲ ဘုရားကြီးရဲ့ မျက်လုံး တော် ကနေ မျက်ရည်တွေ ယိုစီးကျလာတယ်။

သူမဟာ ထိုမြင်ကွင်းကြောင့်

အံ့အားသင့်သွားမိတယ်။

ဒီအချိန်မှာ ပဲ …

ကျောက်ဆစ်ဘုရားကြီးဆီ ထုနှက်သံလို

အသံတွေ ကြားလိုက်ရတယ်။

မြရင်ဟာ ကျောက်ဆစ်ဘုရားကြီးဆီ

တရွေ့ရွေ့ ချဉ်း ကပ်သွားမိတယ်။

အသံက ဘုရားရဲ့ အနောက်ဘက်က

ကြားနေရတာ ။

ဒါကြောင့် …

 

အနောက်ဘက်ကို

အသာသွားကြည့်လိုက်တဲ့အခါမှာ တော့ …

“ဗြုန်း”

ဆို … ကြောက်စရာမျက်နှာကြီးကို တွေ

လိုက်ရတယ်။

မြရင်လေးဟာ လန့်ဖျပ်သွားရင်း “အ” ခနဲ

အော်လိုက်မိတယ်။

သူမတစ်ကိုယ်လုံး ချွေးစတွေ ရွှဲနစ်သလို

အိပ်မက်ဆိုးကြောင့် ကြောက်လန့်တကြီး

လန့်နိုးလာတယ်။

“ငါ … အိပ်မက် မက်နေပါလား၊

အိပ်မက်က ကြောက်ဖို့ကောင်းလိုက်တာ၊

ကျောက်ဆစ်ဘုရားကြီးဟာ …

 

မျက်ရည်တွေ ကျနေတယ် … ပြီးတော့ …

ညနေက ဘုရားပေါ်မှာ တွေ့ခဲ့တဲ့

အမာရွတ်နဲ့လူကြီး …။

သူ ဘာလို့ ဘုရားရဲ့ အနောက်မှာ

ရောက်နေရတာ လဲ၊

ဒါ … ဒါ …

ကျောက်ဆစ်ဘုရားကြီးမှာ

တစ်ခုခုများ ဖြစ်နေလို့

ငါ့ကို အိပ်မက်ပေးတာလား၊

s128 … 9128…..

ငါ ဘာလုပ်ရမလဲ၊

 

မြရင်လေးဟာ အတွေးနဲ့အတူ အိပ်ရာပေါ်က ထထိုင်လိုက်တယ်။

“ဒေါ်လေး …ဒေါ်လေး …

ထ ထ၊

ထပါဦး ဒေါ်လေးရဲ့ ”

သူမရဲ့ လှုပ်နှိုးမှု ကြောင့် မနှင်းမေဟာ

မျက်လုံးပွင့်သွားတယ်။

“အင်း .. ဘာလဲ …

ဘာ ဖြစ်တာလဲ တူမလေး”

“ကျွန်မ အိပ်မက်မကောင်းဘူး

ဒေါ်လေး၊

ကျောက်ဆစ်ဘုရားမှာ ….

တစ်ခုခု ဖြစ်နေပုံရတယ်၊

 

အမြန်လာ ဒေါ်လေး၊

သွားကြည့်မှ ဖြစ်မယ်”

သူမအပြောကြောင့် မနှင်းမေဟာ

မျက်လုံးပြူး သွားရတယ်။

“ဘာ … ဘုရားကို …

အိပ်မက်မက်တယ် ဟုတ်လား၊

ဖြစ်နိုင်ပါ့မလား တူမလေးရယ်၊

ဘုရားမှာ က ဘာ ဖြစ်စရာအကြောင်း

ရှိလို့လဲ”

“အချိန်မရှိဘူး ဒေါ်လေး၊

တစ်ခုခု ဖြစ်တာတော့ သေချာတယ်၊

လာပါ … အမြန်သွားရအောင်”

မြရင်ရဲ့ လက်ဆွဲရင်း ပြောလိုက်တဲ့စကားနဲ့

 

စိတ်လှုပ်ရှားနေတဲ့ပုံကိုကြည့်ရင်း မနှင်း မေ တွေ

းရခက်သွားမိတယ်။

“တူမလေးစိတ်မှာ စိုးရိမ်နေရင်

သွားကြတာပေါ့၊

တကယ်လို့ … ဘုရားမှာ

တစ်ခုခုများ ဖြစ်နေခဲ့ရင်

ဒေါ်လေးတို့ချည်းဆို ဘာမှ

လုပ်နိုင်မှာ မဟုတ်ဘူး၊

သူကြီးဖိုးတုတ်ကို အကြောင်းကြားရမယ်၊

လာ … တူမလေး”

နှစ် ယောက် သား သူကြီးဖိုးတုတ်အိမ်ဘက်

ခပ်သုတ်သုတ် လျှောက်လာခဲ့ကြတယ်။

“သူကြီး … သူကြီး …

ထပါဦး သူကြီး”

*

အခန်း (၁၁)

“ဟေ့ အချိန်မတော် ကြီး …

ဘယ်သူတုံးကွ”

သူကြီးက အိပ်ခန်းပြတင်းပေါက်ကနေ

လှမ်းမေးလိုက်တယ်။

“ကျွန်မပါ သူကြီး … နှင်းမေပါ၊

သိပ်အရေး ကြီးလို့ သူကြီး”

မနှင်းမေရဲ့ အသံကြောင့်

သူကြီးဖိုးတုတ်ဟာ အိမ်အောက်ကိုဆင်းလာပြီး ခြံတံခါး

ဖွင့်ပေးတယ်။

“ဘာတွေ ဖြစ်လို့လဲ နှင်းမေ၊

ရေး ကြီးသုတ်ပျာနဲ့”

 

“အရေး ကြီးတယ် သူကြီး၊

ကျောက်ဆစ်ဘုရားကြီးမှာ ..

တစ်ခုခု ဖြစ်နေတယ်၊

အဲဒါ … သူကြီး သွားကြည့်မှ ဖြစ်မယ်”

မနှင်းမေရဲ့ အပြောကြောင့်

သူကြီးဖိုးတုတ်ဟာ … “ဟေ” ခနဲ ဖြစ်သွားတော့တယ်။

“သေချာရဲ့ လားဟ၊

နင့်ကို ဘယ်သူပြောတုံး နှင်းမေ”

“ကျွန်မတူမလေး အိပ်မက်မက်တာ

သူကြီး၊ ဘာပဲ ဖြစ် ဖြစ်

သေချာအောင် သူကြီး

လိုက်ကြည့်သင့်တယ်”

သူကြီးဖိုးတုတ်ဟာ

 

တစ်ချက်စဉ်းစားလိုက်တယ်။

ပြီးမှ ..

“ကျောက်ဆစ်ဘုရားကြီးဟာ

ရှေးသိပ်ကျတဲ့ ဘုရားတစ်ဆူပဲ၊

အိပ်မက်ဆိုတာ မသေချာပေမယ့်

သေချာအောင် သွားကြည့်မှ ဖြစ်မယ်၊

သူကြီးဖိုးတုတ်ဟာ ၎င်းရဲ့ တပည့်နှစ်

ယောက် ကို နှိုးလိုက်တယ်။

အနီးပတ်ဝန်းကျင်က ရွာသားတွေ ကိုပါ

နှိုးလိုက်ပြီး ဝါးရင်းတုတ်ကိုယ်စီနဲ့ သူကြီးတို့ လူစုဟာ မနှင်းမေတို့နဲ့အတူ ကျောက်ဆစ်ဘုရားကြီးဘက်

ထွက်ခဲ့တော့တယ်။

ဘုရားကြီးရဲ့ ရင်ပြင်ပေါ် တက်ခါနီး မှာ

 

တော့ သူကြီးတို့အားလုံ ခြေလှမ်းတုံ့သွားကြ တယ်။

သူတို့အားလုံး ဘုရားကြီးထဲကနေ

ထုနှက်သံတွေ ကို ကြားလိုက်ရတယ်။

မြရင်လေးကိုယ်တိုင် အိပ်မက်ထဲကလို

အသံကြားလိုက်ရတာ ကြောင့် ဘုရားကြီးအ တွက် စိုးရိမ်စိတ်တွေ လှိုက်တက်သွားမိတယ်။ သူကြီးနဲ့ရွာသားတွေ ဘုရားကြီးရဲ့

ဝင်ပေါက်အရောက်မှာ တော့ …

“ဟား ..ဟား ဟား …

ရပြီကွ၊ ရွှေဘယက်တွေ,

လက်ကောက်တွေ

အများ ကြီးပါလား၊

ခုချိန်ကစပြီး … ဒါတွေ အားလုံး

 

ပေသီးရဲ့ ပစ္စည်းတွေ ဖြစ်သွားပြီ၊

ဟား .. ဟား .. ဟား

ဟား”

ကျောက်ဆစ်ဘုရားကြီးရဲ့ နောက်က

ထွက်လာတဲ့အသံကြောင့် သူကြီးနဲ့ ရွာသား တွေ ဟာ

အခြေအနေကို ရိပ်စားမိသွားတယ်။

ကျောက်ဆစ်ဘုရားကြီးနဲ့ဌာပနာတိုက်

အဖောက်ခံရပြီ မဟုတ်ပါလား။

သူကြီးဖိုးတုတ်ဟာ ဒေါ်သစိတ်နဲ့အတူ

လက်သီးဆုပ်ရင်း …

“သိပ်ဝမ်းသာမနေနဲ့ ..

ဘယ်ကောင်တွေ လဲကွ၊

ငါ့ရွာရဲ့ ဘုရားကို အပြစ်

ကျူး လွန်ဝံ့တာ၊

 

ထွက်ခဲ့စမ်း”

လို့ ကြုံးဝါးလိုက်တယ်။

ဒီအခါမှာ ဘုရားရဲ့ ကိုယ်ထည်နောက်ကနေ

လူသုံးယောက် ထွက်လာတယ်။

မြရင်လေးဟာ မျက်နှာမှာ

အမာရွတ်ကြီးပါတဲ့လူကြီးကို မြင်ရတာ ကြောင့် ကြောက် ကြောက်နဲ့ အဒေါ် ဖြစ်သူရဲ့ လက်ကို ဆုပ်ကိုင်ထားမိတယ်။

အမာရွတ်နဲ့လူကြီးဟာ

တရွေ့ရွေ့ လျှောက်လာပြီး သူကြီးတို့နဲ့ ဝါးနှစ် ရိုက်လောက် မှာ ရပ်လိုက်တယ်။

“ငါပဲကွ၊ မင်းရွာရဲ့ ဘုရားကို

ကျူး လွန်တာ၊ ဘာ ဖြစ်သလဲ၊

 

ငါ့လက်ထဲ ရောက်ပြီးတဲ့ဟာ

ငါ့အပိုင်ပဲ၊

အေး … ငါ့နာမည် ပေသီး၊

အောက်လမ်းဆရာ ပေသီးကွ၊

တစ်ချိန်က … မင်းတို့ရွာကနေ

လက်ဗလာနဲ့ ပြန်သွားရတယ်၊

ခုတော့ …

တစ်သက်စားမကုန်တဲ့ ရွှေတွေ ပိုက်ပြီး

ပြန်ရမယ်၊

အဲဒါ … ပေသီးရဲ့ လက်တုံ့ပြန်မှု ပဲကွ၊

ဟား … ဟား .. ဟား”

ခါးထောက်ပြီးပြောလိုက်တဲ့ လူကြီးရဲ့ စကားကြောင့် သူကြီးဖိုးတုတ်ဟာ မျက်မှော င် ကြုတ်သွားတယ်။

“ဘယ်က ပေသီးလဲ၊

မင်းကို ငါတို့မသိဘူး၊

ငါတို့ရွာနဲ့ မင်းဟာ …

ဘာမှပတ်သက်မှု မရှိဘူးကွ၊

ဘုရားပစ္စည်းတွေ ထားပြီး

အေးအေးဆေးဆေး ထွက် သွားပါ”

သူကြီးဖိုးတုတ်ရဲ့ အပြောကြောင့် လူကြီးရဲ့

မျက်နှာဟာ ကြောက်မက်ဖွယ်ကောင်း လောက်အောင်

တင်းမာသွားတယ်။

“ငါဟာ အောက်လမ်းဆရာ ပေသီးပဲ၊

ပထမအကြိမ် …

မင်းတို့ရွာကို ခြေချခဲ့တာ

 

ယုတ်ညံ့တဲ့ သင်္ချိုင်းမြေပဲ၊ ခု … ဒုတိယအကြိမ်

ခြေချတော့ မင်းတို့တစ်ရွာလုံး

တန်ဖိုးထားတဲ့ ဘုရားမြေပဲကွ၊

ရွာသားတွေ ရဲ့ မီးမြိုက်မှု ကြောင့်

ပထမအကြိမ်မှာ …

ငါ့မျက်နှာ အမာရွတ်ရခဲ့တယ်၊

ဒီတစ်ကြိမ်တော့ …

ရွှေတွေ ပိုက်ပြီး ငါပြန်မယ်ကွ”

အောက်လမ်းဆရာပေသီးရဲ့ စကားကြောင့်

သူကြီးဖိုးတုတ်ရဲ့ ဦးနှောက်ဟာ အလုပ် များ

သွားရတော့တယ်။

ပြန်စဉ်းစားရင်း လွန်ခဲ့တဲ့ ဆယ်နှစ်

လောက်က အ ဖြစ်ကို ပြန်သတိရသွားတယ်။

အောက်လမ်းဆရာလူစု ရွာသင်္ချိုင်းထဲဝင်ပြီး မီးနေသည်အစိမ်းသေ မြမြရဲ့ လောင်း ဖော်တဲ့ ဖြစ်ရပ်။

သင်္ချိုင်းစောင့်ကြီးရဲ့ သတင်းပေးမှု ကြောင့်

အောက်လမ်းဆရာကို ရွာသားတွေ ဆုံး မလိုက်တဲ့အ

ဖြစ်။

သူကြီးဖိုးတုတ် တစ်ယောက် မေးကြောထောင်မတတ် အံကြိတ်လိုက်မိတယ်။

*

“အေး … ပထမအကြိမ်တုန်းက

မင်း ကံကောင်းလို့ ဒဏ်ရာပဲရခဲ့တာ၊

 

အခုတော့ … မင်းအသက်နဲ့ကိုယ် အိုးစားကွဲပြီသာ မှတ်လိုက်၊

ထန်းစုရွာသားတွေ သွေး

ဘယ်လောက်ရဲသလဲဆိုတာ

မင်း သိရစေမယ်”

သူကြီးဖိုးတုတ်ရဲ့ ကြုံးဝါးသံကြောင့်

အောက်လမ်းဆရာ ပေသီးက မျက်နှာမဲသွား ရင်း ဖျင်လွယ်အိတ်ထဲက ဓားမြှော င်ကို ဆတ်ခနဲ ဆွဲထုတ်လိုက်တယ်။

ဒီအချိန်မှာ ပဲ …

“မီးတွင် းထဲ သေရရှာတဲ့ ငါ့မိန်းမကို

မြေကြီးထဲရောက်တာတောင်

ဒုက္ခပေးဖို့လုပ်တဲ့ကောင်

 

ဘယ်သူမှ မင်းကို မသတ်ရဘူး၊

ကျုပ်ကိုယ်တိုင် သတ်ရမှ

ကျုပ် ကျေနပ်မယ်ဟေ့”

ကိုသာရင်ဟာ ခြေထော့နင်းလျှောက်ရင်း ဝါးရင်းတုတ်နဲ့ ဦးပေသီးရှိရာ လျှောက် သွားတယ်။

ဝါးရင်းတုတ်နဲ့ လှမ်းရိုက်ဖို့ ပြင်လိုက်စဉ်မှာ

ပဲ ဦးပေသီးဟာ တုတ်ကို ဆတ်ခနဲဆွဲယူ ပြီး

ကိုသာရင်ရဲ့ လက်ကို လိမ်ချိုး လိုက်တယ်။

ထိုမြင်ကွင်းကြောင့် မြရင်ဟာ ဖခင်အတွက်

စိတ်ပူသွားပြီး …

“အဖေ့ကို မလုပ်ပါနဲ့၊

မလုပ်ပါနဲ့”

လို့ ရေရွတ်ရင်း ပြေးသွားတယ်။

 

ရွာသားတွေ လည်း ငြာသံပေးရင်း အောက်လမ်းဆရာတို့လူစုဆီ ပြေးသွားကုန် တယ်။

“မြရင် မလာနဲ့ … နင် ဖယ်နေစမ်း၊

သွားစမ်း … သွား”

ကိုသာရင်ဟာ ဦးပေသီးရဲ့ လက်ထဲကနေ

လှမ်းအော်လိုက်တယ်။

မြရင်လေး အနားရောက်သွားတဲ့အခါ

ဦးပေသီးက ကိုသာရင်ကို ဆောင့်တွန်းပြီး သူမကို

ဆတ်ခနဲ လှမ်းဆွဲလိုက်တယ်။

မြရင်ရဲ့ လည်မျိုကို ဓားနဲ့ထောက်ရင်း …

“အနားမကပ်နဲ့နော်၊

ဒီမှာ တွေ့လား၊ ထိုးသတ်ပစ်လိုက်မယ်ကွ၊

ဖယ်ကြစမ်း”

 

လောဘစိတ်ကြောင့် စိတ်ရိုင်းဝင်နေတဲ့

ဦးပေသီးဟာ မြရင်ကို ဓားစာခံလုပ်ပြီး ရွာ သားတွေ လက်ကလွတ်ဖို့ ကြိုစားလိုက်တယ်။

“သမီး … သမီး …

ငါ့သမီးကို လွှတ်စမ်းကွ”

ကိုသာရင်က ထိုသို့ အော်ဟစ်ရင်း

ဦးပေသီးကို ဝင်လုံးတော့တယ်။

ရွာသားတွေ ဟာ ထိုအခွင့်အရေး ကို

လက်လွတ်မခံဘဲ ဝါးရင်းတုတ်တွေ နဲ့ ဝိုင်းရိုက်

တော့တယ်။

ကိုသာရင် တစ်ယောက် ဦးပေသီးနဲ့

လုံးထွေးသတ်ပုတ်ရင်း မြရင်လေးကို တွန်း ထုတ်လိုက်တယ်။

ဒီအချိန်မှာ ပဲ ဦးပေသီးက ဓားမြှောင်နဲ့

 

ကိုသာရင့်နောက်ကျောကို အားကုန်ထိုး လိုက်တယ်။

“အား” ခနဲ အော်ဟစ်လိုက်တဲ့

ကိုသာရင့်အသံကြီးနဲ့ အတူ …

“ဟာ … သာရင် ဓားထိုးခံရပြီဟေ့၊

ရွာကျော်ပြီး လူးပါးဝတဲ့ကောင်တွေ ၊

မသေမချင်း ရိုက်သတ်ကြဟေ့”

ရွာသွားတွေ ဟာ ထိုသို့ ကြွေးကြော်ပြီး အောက်လမ်းဆရာပေသီးနဲ့ တပည့်နှစ် ယောက် ကို ဝါးရင်းတုတ်တွေ နဲ့ ရိုက်နှက် ကြတော့တယ်။

အောက်လမ်းဆရာပေသီးနဲ့ တပည့်တွေ

ဟာ ဒေါသသွေးကြွနေတဲ့ ရွာသားတွေ ရဲ့ ရိုက်နှက်မှ

အောက်မှာ အလူးအလဲ ခံနေရရှာတယ်။

သူကြီးဖိုးတုတ်က အခြေအနေကို

 

ဝင်ထိန်းတဲ့အနေနဲ့

“ဟေ့ … အားလုံးရပ်ကြစမ်း၊

သူများ ရဲ့ အမှားကြောင့် .

ကိုယ့်အပြစ်မ ဖြစ်စေနဲ့၊

ဒီလူတွေ ဟာ ငါတို့ဘုရားကို

အပြစ်ကြီးလုပ်သလို ငါတို့

ရွာသားကိုလည်း ဓားနဲ့ထိုးခဲ့တယ်၊

သူတို့ကို ဖမ်းချုပ်လိုက်စမ်း၊

ဥပဒေအရ ရဲလက်အပ်ရမယ်ကွ”

လို့ ပြောလိုက်တော့မှ ရွာသားတွေ ဟာ

ကိုယ်ရှိန်သတ်သွားကြတယ်။

ဦးပေသီးနဲ့တပည့်တွေ က ရွာသားတွေ ရဲ့

ရိုက်နှက်မှု ကြောင့် ထိပ်ပေါက်ခေါင်းကွဲဖူး ရောင် ပြီး

 

သွေးအလိမ်းလိမ်း ဖြစ်နေရှာတယ်။

မြရင်လေးဟာ

မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရင်း ဖခင်ကို

ဖက်ထားတယ်။

“အဖေ … အဖေ ဘာမှမ ဖြစ်ဘူးနော်၊

အဖေ့မျက်လုံးတွေ မမှိတ်လိုက်ပါနဲ့

အဖေရယ်၊

ထပါ အဖေရဲ့ … ထပါနော်၊

အီး … ဟီး … ဟီး … ဟီး”

မြရင်လေးဟာ ဖခင်ကို ဖက်တွယ်ရင်း

ရှိုက်ကြီးတငင် ငိုကြွေးနေရှာတယ်။

ကိုသာရင့်ကျောပြင်တစ်ခုလုံး သွေးများ

ရွဲနစ်နေချေပြီ။

 

မနှင်းမေလည်း အစ်ကို ဖြစ်သူရဲ့ အ ဖြစ်ဆိုးကြောင့် တသိမ့်သိမ့် ရှိုက်ငိုနေရှာတယ်။

ကိုသာရင်ဟာ တုန်ယင်တဲ့လက်နဲ့

မြရင်လေးရဲ့ ပါးပြင်ကို လှမ်းကိုင်လိုက်ရင်း မျက်

လုံးပွင့်လာတယ်။

“သ … သမီးလေး၊

အ … အဖေ့ကို ခွင့်လွှတ် …

သူ .. သူတော် ကောင်းမလေးပါကွယ်၊ အား … အားလုံး အဖေ့အမှားတွေ … ပါ”

မြရင်လေးက ဖခင်နဲ့ မျက်နှာချင်း

အပ်လိုက်ရင်း …

“ဟင့်အင်း … အဖေ ဘာမှမ ဖြစ်ရဘူး၊

မွေးကတည်းက …

 

အမေမဲ့ခဲ့တဲ့ဘဝပါ အဖေ၊

အဖေ သမီးကို ထားမသွားရဘူး၊

ထားမသွားရဘူး အဖေ၊

အဖေ့ကို သမီး သိပ်ချစ်တယ်၊

အဖေ ဘာပဲ ဖြစ်နေ … ဖြစ်နေ၊

အဖေဟာ အဖေပါပဲ အဖေရယ်၊

အဖေ မမှားပါဘူး၊

ဟင့် … ဟင့် … ဟင့်”

လို့ တတွတ်တွတ် ရေရွတ်လိုက်တယ်။ ဒီအချိန်မှာ ပဲ ကိုသာရင်ရဲ့ ပါးစပ်ကနေ

သွေးတွေ ပွက်ခနဲ အန်ထွက်လာတယ်။

သူကြီးဖိုးတုတ်ဟာ ကိုသာရင်ရဲ့

အခြေအနေကို ရိပ်စားမိသွားပြီး …

 

“ကဲ … ကဲ … နှင်းမေ မြရင်လေးကိုခေါ်ပြီး ရွာပြန်တော့ချေ၊

သာရင့်ကို ငါတို့ ခေါ်ခဲ့မယ်၊

ကဲဟေ့ .. ဒီလူယုတ်မာတွေ ကို

ငါ့အိမ်ခေါ်ခဲ့ကြ၊ မိုးလင်းမှ

စခန်းကို အပ်ရမယ်”

လို့ အမိန့်ပေးလိုက် တယ်။

*

နောင် … ဝေ … ဝေ

ကြေးစည်သံ ထန်းစုရွာလေးမှာ

ပဲ့တင်ထပ်သွားတယ်။

 

ရွာပြင်သင်္ချိုင်းမှာ တော့ ထန်းစုတစ်ရွာလုံး ရွာလုံးကျွတ်မျှ တစုတဝေးတည်း ရောက် ရှိနေကြတယ်။

မနှင်းမေနဲ့မြရင်လေးတို့ရဲ့ ငိုရှိုက်သံတွေ က

ကြေးစည်သံကို ဖိုးလွှမ်းသွားသလို ရွာ သားအားလုံးရဲ့ မျက်နှာမှာ မျက်ရည်စတွေ နဲ့။ ကိုသာရင်ရဲ့ အလောင်းကို မြေကျင်းထဲ ချလိုက်ချိန်မှာ တော့ …

“သာရင် … သာရင် … မိန်းမကို

သိပ်ချစ်, သိပ်စွဲလမ်းတဲ့ သာရင်၊

မိန်းမကိုချစ်တဲ့စိတ်ကြောင့် …

သမီးရင်းကို အမေစားတဲ့သမီးဆိုပြီး တစ်သက်လုံး … မုန်းတီးခဲ့တဲ့ သာရင်၊ နောက်ဆုံးတော့ .. သူ မုန်းတီးခဲ့တဲ့ သမီးကို

ကယ်တင်ရင်း အသက်ပေးလိုက် ရရှာတယ်၊

 

မင်းအတွက် ငါ … အတော် ကို ယူကျုံးမရ ဖြစ်မိတယ် သာရင်၊ ဖြစ်လေရာဘဝ .

ဖြစ်ပါစေနဲ့လို့

အချစ်ကြီးတဲ့လူ အစွဲကြီးတဲ့လူ

ငါ ဆုတောင်းပါတယ်ကွာ”

သူကြီးဖိုးတုတ်ရဲ့ ဆုတောင်းစကားသံက

ဆို့နင့်ကြေကွဲသံကြီးနဲ့ ထွက်ပေါ်လာ တယ်။

အလောင်းမြေဖို့ပြီးတဲ့အခါ

ရွာသူရွာသားတွေ ဟာ စိတ်ထိခိုက် ငိုကြွေးနေတဲ့ မနှင် မေတို့ တူဝရီးကို နှစ် သိမ့်စကားဆိုရင်း ရွာဘက်

ပြန်သွားခဲ့ ကြတော့တယ်။

လူအားလုံး ရှင်းသွားချိန်မှာ တော့ သင်္ချို င်းမြေတစ်ခုလုံး တိတ်ဆိတ်ပြီး ကျန်ရစ်ခဲ့ရှာ တယ်။

 

ကိုသာရင်နဲ့မြမြတို့ရဲ့ မြေပုံနှစ် ခု ကတော့ ဘေးချင်းယှဉ်လျက် ထန်းစုရွာရဲ့ သင်္ချိုင်း မြေမှာ နောင်နှစ် ပေါင်းများ စွာ ကြတဲ့အထိ တည်ရှိနေခဲ့တော့တယ်။

“အမေကိုစားတဲ့သမီး”

မအိုစာ